Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, February 23, 2009

လီဗာပူးအသင်းအိမ်ကွင်းတွင်မန်းစီးတီးနှင့်အမှတ်ခွဲယူ



မန်းစီးတီးတိုက်စစ်မှူးဖြစ်သူ ဘယ်လာမီ ဂိုးသွင်းအပြီးအောင်ပွဲခံနေပုံ



လီဗာပူးအသင်းမှ တိုက်စစ်မှူးဒါကုတ် ချေပဂိုးသွင်းယူနေပုံ


လီဗာပူးအသင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် မန်းစီးတီးအသင်းအား အိမ်ကွင်းတွင်လက်ခံကစားခဲ့ရာ ၁-၁ ဖြင့် အမှတ်ခွဲဝေ ယူခဲ့ရခြင်းဖြစ်သည်။ ယခုပွဲတွင် ပထမပိုင်းတွင် လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစား နိုင်ခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သဖြင့် ဝ-ဝ သရေ ဖြင့်သာ ပြီးဆုံးခဲ့သည်၊။ ဒုတိယပိုင်းတွင် မန်းစီးတီး အသင်းမှ တိုက်စစ်မှူးဘယ်လာမီက ပွဲချိန် ၅၁ မိနစ်တွင် ဒီဂျောင်၏ ဖန်တီးပေးမှုမှ ကန်သွင်းရာ လီဗာပူး နောက်ခံလူ ၏ခြေထောက်ဖြင့် ထိကာ လမ်းကြောင်းပြောင်းပြီး လီဗာပူး ဂိုးသမား ရီနာ၏ ဘယ်ဖက်ထောင့်ထဲသို့ ဝင်ရောက်သွားသဖြင့် မန်းစီးတီးအသင်းမှ ဦးဆောင်ဂိုးရရှိခဲ့သည်။ ပွဲချိန် ၇၈ တွင်တော့ လီဗာပူးတိုက်စစ်မှူးဖြစ်သူတောရက်စ်ချော်ထွက်သွားသည့်ဘောလုံးအား တိုက်စစ်မှူးဖြစ်သူ ဒါကုတ်က ကန်သွင်းယူနိုင်ခဲ့သဖြင့် ၁-၁ ဖြင့် ပြီးဆုံးခဲ့သဖြင့် ထိပ်ဆုံးမှ မန်ယူအသင်းနှင့် ၇ မှတ်ကွာဟသွားခဲ့ပြီဖြစ်သည်။ ၂၅-၂- ၂ဝဝ၉ ရက်နေ့ တွင် လီဗာပူး အနေဖြင့် ရီးရယ်အသင်းနှင့် ချန်ပီယံလိဂ် ကစားရမည်ဖြစ်သည်။

No comments: