သက်ဆိုင်ရာအခွင့်အာဏာရှိသူများသို့
တိုင်းရင်းသား လူမျိုးများအတွက် အသံလွှင့် အစီအစဉ်တိုးမြှင့် လွှင့်ထုတ်ခွင့် ပေးပါရန် တောင်းဆိုခြင်း
(ရက်စွဲ၊ ၂ဝဝ၉-ခု၊ ဖေဖဝါရီ လ (၁၂)ရက်-ပြည်ထောင်စုနေ့ )
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက်လည်း တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ ကြပါသည်။ သို့သော်လည်း တိုင်းရင်းသားလူမျိုးများမှာ မည်ကဲ့သို့ဖြစ်ပျက်ခံစားနေရ သည်ကို အားလုံးအသိပင် ဖြစ်သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ကြသူများတွင် ဗမာအပါအဝင် တိုင်းရင်း သား လူမျိုးပေါင်းစုံပါဝင်ခဲ့ကြပါသည်။ လူမျိုးစုပေါင်းစုံ အသေခံ ထောင်ကျခံခဲ့ကြပါသည်။ အဓိကတိုက်ပွဲမှာ ဒီမိုကရေစီအရေးနှင့် တန်းတူရေးအတွက် တိုက်ပွဲဝင်ကြခြင်းဖြစ်ပါသည်။ ဗမာတကျပ်ဆိုလျှင် ချင်းတကျပ်၊ ရခိုင်တကျပ်၊ ရှမ်းတကျပ် စသည်ဖြင့် လူမျိုးပေါင်းစုံတိုင်း တန်းတူညီမျှရေးနှင့် တန်းတူရရှိရေးအတွက်ဖြစ်ပါတယ်၊ ပြည်ပတွင် ဗမာအပါအဝင် မြန်မာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ သွေးစည်းညီညွတ်စွာဖြင့် အတူလက်တွဲ တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။
အသေခံ တိုက်ပွဲဝင်ခဲ့ကြသည်မှာ အတူတူဖြစ်ကြပါသော်လည်း အခွင့်ရေးမှာမတူပေ၊ ရေဒီ ယိုအသံလွှင့် အစီအစဉ်မှာတောင် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးသည် ဆုံးရှုံးနေကြ ရပါသည်။
ထိုကြောင့် အသံလွှင့်အစီအစဉ်များအတွက် အောက်ပါတောင်းဆိုချက်များအား တောင်း ဆိုလိုက်ရပါသည်။ ဤတောင်းဆိုချက်သည် မြန်မာနိုင်ငံတိုင်းရင်းသား ပေါင်းစုံအတွက် တောင်းဆိုခြင်းဖြစ်သည်။
• ရေဒီယို ဖရီးအေးရှား RFA တွင် တိုင်းရင်းသားအစီအစဉ်ကို နေ့တိုင်းထုတ် လွင့်ပေးပါရန်၊
• ဒီမိုကရက်တစ် မြန်မာ့အသံ(Dvb)တွင် တိုင်းရင်းသားအစီအစဉ်ကို နေ့တိုင်းထုတ်လွင့်ေ ပးပါရန်၊
• ဘီ-ဘီ-စီ (BBc)တွင် တိုင်းရင်းသားအစီအစဉ်တရပ်ကို ဖေါ်ထုတ်ပေးပါရန်။
• ဗွီအိုအေ(voa)တွင် တိုင်းရင်းသား အစီအစဉ်တရပ်ကို ဖေါ်ထုတ်ပေးပါရန်။
နိုင်နိုင်(စစ်တွေ)
Friday, February 20, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment