Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, March 2, 2009

မန်ယူအသင်းပင်နယ်တီဖြင့်ကားလင်းဖလားဗိုလ်စွဲ



စပါးကစားသမားများစိတ်ဓတ်ကျနေပုံ



မန်ယူအသင်းအားဆုဖလားနှင့်အတူတွေ့ရပုံ


မန်ယူဂိုးသမားပင်နယ်တီအားကာကွယ်လိုက်နိုင်ပုံ


ကားလင်းဖလားဗိုလ်လုပွဲအဖြစ် အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းတွင် မန်ယူအသင်းနှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန်ယူအသင်းနှင့် ပွဲချိန် ပြည့်အသည်အထိ မည်သူမျှ ဂိုးမသွင်းနိုင်သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင်ဆုံးဖြတ်ရာတွင် မန်ယူအသင်းက ၄-၁ ဖြင့် အနိုင် ရရှိသွားသဖြင့် ကားလင်းဖလားအား မန်ယူအသင်းရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအတွက် ပထမဦးဆုံးပင်နယ်တီ ကန်သွင်းခွင့်ကိုတော့ ဂစ်ကန်သွင်းရာ ဂိုးဝင်သွားသဖြင့် ပထမဂိုးစတင်ရရှိသွားခဲ့သည်။ စပါးအသင်းစတင်ကန်သွင်းရာ ဂျမီအိုဟာရာ ကန်သွင်းသည့် ဘောလုံးအား မန်ယူဂိုးသမား ဘင်ဖော်စတာက လက်စွမ်းပြကာကွယ်နိုင်ခဲ့ဖြင့် မန်ယူအသင်းက စိတ်ဓတ်အသာဖြင့်ကန်သွင်းခွင့်ရရှိခဲ့ရာ တိဗက် ၊ စီရိုနယ်ဒို၊ နောက်ဆုံးအဆုံးအဖြတ် ဂိုးကိုတော့ ဘရားဇီးသား အန်ဒါဆန်တို့ ကကန်သွင်းယူနိုင်ခဲ့သဖြင့် ၄-၁ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပါးအသင်းမှ ဒေးဗစ်ဘန်တလေ လွဲချော်သွားခဲ့ခြင်းက မန်ယူအသင်းအတွက် ၅ လုံးပြည့်အောင်မကန်လိုက်ရဘဲ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပါးအသင်းမှ ၃ လုံးကန်သွင်းယူရာတွင် တစ်လုံးဝင် ၊ တစ်လုံးအားမန်ယူဂိုးသမားဖော်စတာကာကွယ်နိုင်ခြင်းနှင့် ဘန်တလေ ဘေးချော်ကန်သွင်းခဲ့သဖြင့် စပါးအသင်း ဖလားမရရှိဘဲ လက်လွတ်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

No comments: