Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, February 16, 2009

မန်ယူအသင်းဒါဘီအသင်းအားဂိုးပြတ်နိုင်ပြီးအက်ဖ်အေကွားတားဖိုင်နယ်ရောက်ရှိ



စီရော်နယ်ဒို ခေါင်းတိုက်သွင်းယူအပြီး ဖာဒီနန် ။ နာနီတို့နှင့်အောင်ပွဲခံနေပုံ



နာနီဂိုးသွင်းယူအပြီးဂျွမ်းထိုးနေပုံ

အက်ဖ်အေအသင်း၏ ငါးဆင့်မြောက် ပွဲစဉ်အဖြစ် ဒါဘီအသင်းကအိမ်ကွင်းတွင် မန်ယူအသင်းအားဧည်ခံကစားခဲ့ရာ ၁-၄ ဖြင့်ရှုံးနိမ့်ခဲ့သဖြင့် အက်ဖ်အေဖလားမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ မန်ယူအသင်းအတွက် ဗွေဆော်ဦးဂိုးကိုတော့ ၂၄ မိနစ်တွင် နာနီမှ ဘယ်တောင်ပံမှဆွဲပြေးလာပြီး တစ်ဖက်နောက်တန်းများအား လိမ်ခေါက်ကာ အပြင်းကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမဂိုးကိုစတင်သွင်းယူနိုင်ခဲ့သည်။ ဒုတိယဂိုးကိုတော့ ပွဲချိန် ၄၄ မိနစ်တွင် စီရော်နယ်ဒို ပြစ်ဒဏ်ဘောကန်သွင်းရာ တစ်ဖက်နောက်တန်းနှင့်ထိပြီးပြန်ကျသည့် ဘောလုံးအား ဂစ်ဆန်က မြေမကျဘောကန်သွင်းရာ မန်ယူနောက်တန်းကစားသမား ရာဖေးက ခုန်ရှောင်ပေးလိုက်သဖြင့် ဒုတိယဂိုးကိုသွင်းယူပြီး ပထမပိုင်းကိုပြီးဆုံးစေခဲ့သည်။ တတိယဂိုးကိုတော့ ပွဲချိန် ၄၈ မိနစ်(ဒုတိယပိုင်းစစခြင်း ) ထောင့်ကန်ဘောမတင်ပေးသည့် ဘောလုံးအး စီရော်နယ်ဒိုက ခေါင်းတိုက်ပြီးသွင်းယူနိုင်ခဲ့သဖြင့် ၃-ဝ ဖြင့် ဦးဆောင်နေခဲ့သည်။ ပွဲချိန် ၅၆ မိနစ်မှာတော့ ဒါဘီအသင်းကထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူပြီး သိက္ခာဆယ်တစ်ဂိုးကိုသွင်းယူသွားခဲ့သည်။ အဆုံးသတ်ဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်တွင် စီရိုနယ်ဒိုနှင့် လူစားလဲခဲ့သည့်  လူငယ်တိုက်စစ်မှူးဖြစ်သူ ဝဲလ်ဖက်က ဖလက်ချာခင်းပေးသည့်ဘောလုံးအားဂိုးသမား၏ဘယ်ဖက်ထောင့်ထဲသို့ တိုက်ရိုက်ကန်သွင်းယူနိုင်ခဲ့သဖြင့် မန်ယူအသင်းအက်ဖ်အေဖလား ကွားတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

No comments: