
အဲဗာတန်အသင်းမှရော့ဝဲပထမဂိုးသွင်းယူနေပုံ

အက်စတွန်ီဗီလာအသင်းမှမီလာပင်နယ်တီသွင်းယူနေပုံ

အာတီတာ ပင်နယ်တီသွင်းယူပြီးအောင်ပွဲခံနေပုံ

တင်ကာဟေး အဆုံးသတ်ဂိုးသွင်းယူနေပုံ
အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်အသင်းသင်းအချင်းချင်း တွေ့ဆုံမှုတွင် အဲဗာတန် အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဲဗာတန်အသင်းက အိမ်ကွင်းတွင် အက်စတွန်ဗီလာအသင်းအား ၃-၁ ဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အသင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အဲဗာတန်အသင်းအတွက် ပထမဆုံးဂိုးကိုတော့ ပွဲအစ ၄ မိနစ်မှာဘဲ အဲဗာတန်အသင်းမှရော့ဝဲက အက်စတွန်ဗီလာ နောက်တန်းသမားများဖျတ်ထုတ်သည့် ဘောလုံးမှာ ရော့ဝဲရှေ့သို့ကျရောက်သွားသဖြင့် ရော့ဝဲက ဂိုးသမားပိတ်ထားသည့် ညာဖက် အကျဉ်းထဲသို့ ကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမ ဂိုးကိုစတင်သွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၈ မိနစ်မှာတော့ တင်ကာဟေးက ပင်နယ်တီ ဧရိယာအတွင်း ဖျတ်ထုတ်မှု ကြမ်းတမ်းသဖြင့် ပေးရသောပင်နယ်တီအား အက်စတွန်ဗီလာမှာ မီလာက အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့သဖြင့် ၁-၁ သရေဖြင့် ပွဲကိုဆက်လက်ကစားခဲ့ရာ ၂၃ မိနစ်မှာတော့ အာတီတာအား အက်စတွန်ဗီလာ နောက်တန်းသမားဆစ်ဝဲ ကြမ်းတမ်းစွာ ကစားသဖြင့် ပင်နယ်တီရရှိရာ အာတီတာကပဲသွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကို ၂-၁ ဖြင့် အဆုံးသတ် စေခဲ့သည်။ ၇၆ မိနစ်မှာတော့ တင်ကာဟေးက တစ်ဖတ်နောက်တန်း ၂ ယောက်ဘောလုံးဖျတ်ထုတ်ရာ ချော်ထွက်သွားသဖြင့် တင်ကာဟေးက အသာအယာ ကန်သွင်းယူပြီး အဆုံးသတ်ဂိုးကိုသွင်းယူသွားခဲ့သည်။
No comments:
Post a Comment