Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, February 17, 2009

အာဆင်နယ်အသင်း အိမ်ကွင်း၌ကာဒစ်အသင်းအားဂိုးပြတ်ဖြင့်နိုင်



တစ်ကျော့ပြန်တိုက်စစ်မှူးအီကွာဒို ပွဲဦထွက် နှစ်လုံးသွင်းယူ



ဘန်တနာ ဒုတိယဂိုးသွင်းယူနေပုံ



ဗန်ပါစီနောက်ဆုံးပိတ်ဂိုးသွင်းယူနေပုံ

အက်ဖ်အေဖလားတွင် အာဆင်နယ်အသင်းနှင့် ကာဒစ်အသင်းတို့တွေ့ဆုံရာတွင် အာဆင်နယ်အသင်းက အိမ်ကွင်းတွင် ၄-ဝ ဖြင့် အနိုင်ရရှိခဲ့ သဖြင့် အက်ဖ်အေဖလားကွားတားဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် အာဆင်နယ်ပရိသတ်များအတွက် သတင်းကောင်းကတော့ မနှစ်က ခြေထောက်ကျိုးသွားခဲ့သဖြင့် ကာလရှည် နားနေရသည့် တိုက်စစ်မှူးသစ် အီကွာဒိုဆေးဗားက နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ပွဲချိန် ၂ဝ မိနစ်မှာတော့ ဘယ်တောင်ပံနာစရီ တင်ပေးသည့် ဘောလုံးအား အီကွာဒိုက ခေါင်းတိုက်သွင်းယူပြီးဗွေဆော်ဦးဂိုးကို သွင်းယူခဲ့ခြင်းပင် ဖြစ်သည်။ ဒုတိယ ဂိုးကိုတော့ ဘန်တနာက ပွဲချိန် ၃၄ မိနစ်တွင်သွင်းယူခဲ့ပြီး တတိယဂိုးကိုတော့ ပွဲချိန် မိနစ် ၆ဝ တွင် အီကွာဒိုအားကာဒစ်နောက်ခံလူမှ အဖျတ်ကြမ်းသဖြင့် ပင်နယ်တီ ရရှိခဲ့ရာ အီကွာဒိုက သူ့ကြောင့်ရရှိခဲ့သည့် ပင်နယ်တီအား သူကိုယ်တိုင် ကန်သွင်းယူနိုင်ခဲ့သဖြင့် ၂ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အီကွာဒိုနှင့်လဲလှယ်ခဲ့သည့် တိုက်စစ်မှူးသစ် ဗန်ပါစီကလည်း ပွဲချိန် ၈၉ တွင်နောက်ဆုံးပိတ်ဂိုးကိုသွင်းယူနိုင်ခဲ့သဖြင့် ၄-ဝ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

No comments: