Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, February 19, 2009

မန်ယူအသင်းဖူဟမ်အသင်းအားဂိုးပြတ်နိုင်



ရွန်နီတတိယဂိုးသွင်းယူအပြီးအောင်ပွဲခံနေပုံ



ဘာဘာဗ်တော့ ဒုတိယဂိုးသွင်းယူအပြီးအောင်ပွဲခံနေပုံ



ပေါ့လ်စကိုးမန်ယူအသင်းအတွက်ဗွေဆော်ဦးဂိုးသွင်းယူနေပုံ

ပရီးမီးယားလိဂ်၏ ပွဲကျန် အဖြစ် မန်ယူအသင်းနှင့် ဖူဟမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန်ယူအသင်းက ၃-ဝ ဖြင့် အနိုင်ရရှိခဲ့သဖြင့် ဒုတိယ နေရာမှ လီဗာပူး အသင်းအား ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် မန်ယူအသင်း ရှေ့တန်းတွင် တိုက်စစ်မှူးဘာဘာဗ်တော့ နှင့် တိဗက်စ် ၊ အလယ်တန်းတွင် ပေါ့လ်စကိုး၊ ကားရစ် ၊ ပတ်င်္ဂျီဆန် ၊ စီရိုနယ်ဒို ၊ နောက်တန်းတွင် ဗီဒစ် ၊ ဖာဒီနန် ၊ အီဗရာ ၊ အိုရှေးရား ၊ ဂိုးသမား ဗန်ဒါဆား တို့ဖြင့် ပွဲထုတ်လာခဲ့သဖြင့် ပွဲကို အနိုင်ကစားရန် သိသာစေခဲ့သည်။ မန်ယူအသင်းအတွက် ဗွေဆော်ဦး ဂိုးကိုတော့ ပွဲချိန် ၁၂ မိနစ်တွင် မန်ယူအသင်း၏ ဝါရင့် ကွင်းလယ်လူ ပေါ့လ်စကိုးက ပင်နယ်တီ ဧရိယာ စည်းအစပ်မှ အပြင်းကန်သွင်းယူနိုင်ခဲ့သဖြင့် ဦးဆောင်ဂိုးကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးကိုတော့ အိုရှေးရား ဖြတ်တင်ပေးသည့် ဘောလုံးအား အဆုံးသတ် သေချာသည့် ဘာဘာဗ်တော့က သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကို ၂-ဝ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ တတိယဂိုးကိုတော့ပွဲချိန် 63 မိနစ်တွင် ဘာဘာဗ်တော့ နှင့် လဲလှယ်လိုက်သည့် ကာလရှည်ကြာနားနေရသည့် ရွန်နီက ပတ်ဂျီဆန် ဖြတ်တင်ပေးသည့် ဘောလုံးအား အပိတ် သွင်းယူနိုင်ခဲ့သဖြင့် ၃-ဝ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲ အနိုင်ကြောင့် မန်ယူဂိုးသမား ဗန်ဒါဆား က ၁၄ ပွဲဆက်တိုက် ပေးဂိုးမရှိစံချိန်အားတင်နိုင်ခဲ့ပြီဖြစ်သည်။

No comments: