
ထုတ်ပယ်ခံရသည့် ပို့မောက်စ်နည်းပြတိုနီအဒမ်
စနေ့နေ့ကလီဗာပူးနှင့် ပွဲစဉ်တွင် ဦးဆောင်ဂိုးများသွင်းယူနိုင်ခဲ့သော်လည်း ပွဲအပြီးတွင်ရှုံးနိမ့်ခဲ့သဖြင့် ပို့မောက်အသင်း၏ပိုင်ရှင်ဖြစ်သူ ဂေဒါမတ် ကနည်းပြဖြစ်သူတိုနီအဒမ်အားထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ပို့မောက်ရာထူးအား ရက်နက်ပြောင်းရွေ့ သွားသဖြင့် အသင်းအားနည်းပြအဖြစ် တိုနီအဒမ်စတင်လက်ခံစဉ်က အသင်၏အဆင့်မှာ ၇ မှယခုအချိန်တွင်အဆင့် ၁၆ တွင်တန်းဆင်းဇုန်နှင့် တစ်မှတ်ကွာ အနေအထားသို့ ရောက်ရှိနေသဖြင့် ထုတ်ပယ်ရခြင်းဖြစ်သည်။ တိုနီအဒမ်ကိုင်တွယ်စဉ်ကာလအတွင် ပို့မောက်စ်အသင်း ၂ ပွဲသာအနိုင်ရရှိခဲ့သည်ကို တွေ့ရှိရသည် ။ ယူအီးအက်ဖ်အေ ဖလားတွင်လည်း အုပ်စုမှထွက်ခဲ့ရခြင်း လက်ရှိချန်ပီယံ အက်ဖ်အေဖလားတွင်လည်း ဆွမ်ဆီး အသင်းအား အိမ်ကွင်းတွင်ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရခြင်းတို့က တိုနီအဒမ်အား ထုတ်ပယ်ခဲ့ရသည့် အကြောင်းများပင်ဖြစ်သည်။ ယခုလာမည့် စနေနေ့ မန်းစီးတီးနှင့် ပွဲမတိုင်မီနည်းပြသစ်အား ခန့်အပ်နိုင်ရန်ပို့မောက်စ် အသင်းကြိုးပမ်းနေသည်ကိုနေသည်ကိုတွေ့ရသည်။
No comments:
Post a Comment