
အီတလီအသင်းဖက်သို့ဒုတိယဂိုးသွင်းယူအပြီးရော်ဘင်ဟိုအောင်ပွဲခံနေပုံ
၂ဝ၁ဝ ကမ္ဘာ့ ဖလားခြေစစ်ပွဲအတွက် ခြေစမ်းပွဲများကစားကြရာ ၂ဝဝ၂ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးနှင့် ၂ဝဝ၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီတို့ခြေစမ်းပွဲအဖြစ် ကြားကွင်းဖြစ်သော အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၏ အာဆင်နယ်အသင်း၏ကွင်းသစ်အမ်းမရိတ်ကွင်းတွင် ယှဉ်ပြိုင်ကစား ကြရာ ဘရာဇီးအသင်းက ၂-ဝ ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲတွင် ဘရာဇီးအတွက်ဗွေဆော်ဦးဂိုးကိုတော့ ပွဲချိန် ၁၃ မိနစ်တွင် အေစီမီလန်ကစားသမား ရော်နယ်ဒင်ဟိုက မန်းစီးတီးကစားသမား ရော်ဘင်ဟိုအားပို့ပေးသည့်ဘောလုံးအား ရော်ဘင်ဟိုမှ အီတလီနောက်တန်းများကြားမှ အီလာနို(နံပါတ် ၇) အားခင်းပေးလိုက်ရာ အီလာနိုက (ဂျုဗင်တပ် ဂိုးသမား) ဂိုးသမား၏ ဘယ်ဖက်ထောင့်ထဲ သို့ အသာအယာသွင်းယူသွားခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၂၇ မှာတော့ မန်းစီးတီးစတား ရော်ဘင်ဟိုကဘဲ ဘယ်တောင်ပံမှာ ဆွဲပြေးလာပြီး တစ်ဖက်နောက်တန်းကစားသမား ၃ ယောက်အားလိမ်ခေါက်ပြီး ဂိုးသမား၏ ဘယ်ဖက်ထောင့်ထဲသို့ ကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကို ၂-ဝ ဖြင့် ပြီးဆုံးစေခဲ့သည်။ ဒုတိယပိုင်းတွင် အီတလီ အသင်းက ထိုးဖောက်ဆင် ကစားပြီး ဂိုးသွင်းခွင့်များရရှိကာ ဂိုးသွင်းခဲ့သော်လည်း ဘရာဇီး ဂိုးသမားက သေချာပေါက် ဂိုးဖြစ်စေမည့် ၃ ဂိုးအား ကာကွယ်နိုင်ခဲ့သဖြင့် အီတလီအသင်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် ဘရာဇီးအသင်းက ခြေအသာဖြင့် အသာအယာ ကစားသွားခဲ့သည်ကိုတွေ့ရှိရသည်။
11-2-2009 နေ့ည ပွဲစဉ်များ
စပိန်-အင်္ဂလန် ( မနက် ၄-ဝဝ)စပိန်အသင်းကအိမ်ရှင်အဖြစ်လက်ခံကစားမည်
ပြင်သစ်-အာဂျင်တီးနား (မနက် ၃-ဝဝ)
ဂျာမဏီ-နော်ဝေ (၂-၄၅)
No comments:
Post a Comment