Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, February 10, 2009

ချဲယ်လ်ဆီးနည်းပြစကိုလာရီအထုတ်ခံရ



ချဲယ်င်္ဆီးအသင်းမှထုတ်ပယ်ခံရသည့်ဘရာဇီးသားစကိုလာရီ

ချဲယ်လ်ဆီးနည်းပြဖြစ်သူ စကိုလာရီအား ပြီးခဲ့သည့်အပတ် စနေနေ့က ကစားခဲ့သည် ဟူးစီးတီးနှင် အသင်းတွင် အိမ်ကွင်းတွင် သရေသာ ကစားနိုင်ခဲ့သဖြင့် အက်စတွန်ဗီလာ အသင်း၏ ကျော်တက်ခြင်းကိုခံခဲ့ရသဖြင့် အဆင့် ၄ သို့ရောက်ရှိသွားသောကြောင့် နည်းပြ စကိုလာရီ အားရာထူးမှ ထုတ်ပယ်ခဲ့ရခြင်းဖြစ်သည်။ စကိုလာရီလက်ထက်တွင် အိမ်ကွင်း ၈၆ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ပျက်ပျယ်ရခြင်းနှင့် အသင်းကြီးများ နှင့် ဆုံတွေ့သည့် ပွဲစဉ် ၄ ပွဲတိတိ ရှုံးနိမ့်ခြင်းများကြောင့်ထုတ်ပယ်ရခြင်းဖြစ်သည်။ ချဲယ်ဆီးနည်းပြသစ်အဖြစ် ရေပန်းစားနေသူများကတော့ လက်ရှိရုရှအသင်းနည်းပြဖြစ်သူ ဂူဟစ်ဒင့် ၊ ဘာစီလိုနာနည်းပြဟောင်းရီကတ် ၊ အင်တာနည်းပြဟောင်းမန်စီနီ ၊ ဝက်စ်ဟမ်းနည်းပြ ဇိုလာ ၊ အေစီမီလန်နည်းပြအန်ဆယ်လော့တီ တို့မှာနည်းပြဖြစ်ရန်ရေပန်းစားလျက်ရှိသည်။ ချဲယ်ဆီးကစားသမားဟောင်း ဇိုလာနှင့် ရုရှားနည်းပြဟစ်ဒင့်တို့မှာ ချဲယ်ဆီးနည်းပြဖြစ်လာရန် အလားအလာအကောင်းဆုံးဖြစ်သည်။

No comments: