
ဂစ်ဂိုးသွင်းအပြီးစီရော်နယ်ဒိုနှင့်အောင်ပွဲခံနေပုံ
ပရီးမီးယားလိဂ်၏ ပွဲစဉ် ၂၄ အဖြစ် မန်ယူအသင်းအား ဝက်စ်ဟမ်းအသင်းက အိမ်ကွင်းတွင်လက်ခံကစားခဲ့ရာ ဝ-၁ ဖြင့် ရှုံးနိမ့်သွားသဖြင့် မန်ယူအသင်း အမှတ်ပေးဇယားထိပ်တွင် တစ်ပွဲလျော့ ၂ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ပထမပိုင်းတွင် မည်သူမျှ ဂိုးမသွင်း နိုင်ဘဲ ဝ-ဝ ဖြင့်ပြီးဆုံးခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ မန်ယူအသင်းခေါင်းဆောင် ဂစ်က ဘယ်တောင်ပံမှ ဆွဲပြေးလာပြီး တစ်ဖက် နောက်တန်း ကစားသမား နှစ်ယောက်အား လှလှပပ လိမ်ခေါက်ပြီး ကန်သွင်းယူနိုင်ခဲ့သဖြင့် မန်ယူအသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအားပေးဂိုး မရှိအနိုင်ရရှိခဲ့သဖြင့် မန်ယူဂိုးသမား ဗန်ဒါဆားက ၁၃ ပွဲဆက်တိုက် ဂိုးမပေးရစံချိန်အားတင်နိုင်ခဲ့သည်။ မန်ယူအသင်းအနေဖြင့် ဝက်စ်ဟမ်း အသင်း၏ထိုးဖောက်ကန်သွင်းမှုများကို ဂိုးသမား ဗန်ဒါဆားကာကွယ်နိုင်ခဲ့သဖြင့်သာ မန်ယူအသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တနင်္ဂနွေနေ့ အနိုင်အရှုံးပွဲစဉ်
စပါး ဝ-ဝ အာဆင်နယ်(အာဆင်နယ်မှ အီဘိုယေး ၃၇ မိနစ်တွင်အထုတ်ခံခဲ့ရသဖြင့် တစ်ယောက်လျှော့ဖြင့် စပါးအိမ်ကွင်းတွင် အမှတ်ခွဲယူနိုင်ခဲ့ခြင်းဖြစ်သည်
No comments:
Post a Comment