
လီဗာပူးအသင်းအားပို့မောက်စ်အသင်းက အိမ်ကွင်းတွင်ဧည်ခံကစားခဲ့ရာ လီဗာပူးအသင်းက အနိုင်ရရှိသဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်ခွင့်ရရှိခဲ့သည်။ ပထမပိုင်းတွင် မည်သူမျှ ဂိုးမသွင်းနိုင်ဘဲ ဝ-ဝ ဖြင့်ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၆၂ မိနစ်တွင် ပို့မောက်စ်တိုက်စစ်မှူး နံပါတ် ၁ဝ နူဂျန့်မှ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ၆၉ မိနစ်တွင် ပီတာခရော့က ဂိုးသမားအားပြန်ပေးသည့် ဘောလုံးအား ဒေးဗစ်ဂျိမ်း လက်ဖြင့် ပုတ်ထုတ်သဖြင့် ပင်နယ်တီ စည်းအတွင်း ပြစ်ဒဏ် ဘောကန်သွင်းခွင့်ရရှိသဖြင့် အောရယ်ရီယိုက ဘယ်ဖက်ထောင့်ထဲသို့ ရှုပ်ယှက် ခတ်နေသည့် ကြားမှ ကန်သွင်းယူသွားခဲ့သဖြင့် ၁-၁ ဖြင့် ပွဲကိုဆက်လက်ကစားခဲ့ရာ ပွချိန် ၇၈ မိနစ်တွင် ပို့မောက်စ်အသင်းမှ နံပါတ် ၇ ဟတ်ဒါဆန်က ပို့်မောက်စ်အသင်းအတွက်အတွက် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့သည်။ လီဗာပူးအသင်းနည်းပြ ဘင်နီတက်က အခြေအနေ မကောင်းသဖြင့် ၅၆ မိနစ်တွင်ဒါကုတ်နှင့် ၇၆ မိနစ်တွင် ဘာဘယ်အစား တောရက်စ်တို့အား ထည့်သွင်းကစားခဲ့ရာ ဒုတိယ ခြေပဂိုးကို တောင်ပံတိုက်စစ်မှူးဖြစ်သူ ဒါကုတ်စ်က ဒေဗစ်ဂျိမ်း၏ပိတ်ထားသည့် အပေါ်ဘက်ခြမ်းသို့ အပြင်းကန်သွင်းခဲ့သဖြင့် ၈၅ မိနစ်တွင် ၂-၂ သရေ ဖြင့် ဆက်လက်ကစားခဲ့ရာ နာကျင်အချိန်ပို ၃ မိနစ်ပေးရာ တိုက်စစ်မှူးဖြစ်သူတောရက်စ်က ညာတောင်ပံမှတင်ပေးသည့် ဘောလုံးအား ခေါင်းဖြင့်တိုက်သွင်းရာ ဒေဗစ်ဂျိမ်းလက်ဖြင့်ပုတ်သော်လည်း လက်လန်ပြီး ဂိုးထဲသို့ရောက်ရှိသွားသဖြင့် ပို့မောက်စ်အသင်း ရှုံးနိမ့်ရခြင်းဖြစ်သည်။ ယခုပွဲပို့မောက်စ်ရှုံးနိမ့်ရခြင်းမှာ ဂိုးသမား၏ပေါ့ဆမှုကြောင့်ဖြစ်ပြီး လီဗာပူးအသင်း အနိုင်ရရှိခြင်းမှာ ဘင်နီတက်စ်၏ လူစားလဲမှုမှန်ကန်ခြင်းကြောင့်ပင်ဖြစ်သည်။ တောရက်စ်သည့် ပွဲပြီးခါနီးခေါင်းဖြင့် တိုက်သွင်းသည်မှာ နှစ်ပွဲဆက်တိုက် ၂ ဂိုးရရှိခဲ့ခြင်းဖြင့် တိုက်စစ်မှူးပီသကြောင်းပြသနိုင်ခဲ့သည်။
စနေည အနိုင်အရှုံးပွဲစဉ်များ
မန်းစီးတီး ၁-ဝ မစ်ဒယ်ဘရော့စ် (တိုက်စစ်မှူးသစ်ဘယ်လာမီ သွင်းယူသွားသဖြင့် ၂ ပွဲ ၂ ဂိုး အသင်းသစ်ဖြင့် ရရှိခဲ့သည်)
ဘလက်စ်ဘန်း ဝ-၂ အက်စတွန်ဗီလာ
ချယ်လ်ဆီး ဝ-ဝ ဟောစီးတီး
အဲဗာတန် ၃-ဝ ဘော်လ်တန် (မန်းစီးတီးမှ အငှားချထားသည့် ဂျို က ၂ လုံးသွင်းယူပြီး သူ့ကြောင့်ရသည့်ပင်နယ်တီအား အာတီတာက သွင်းယူခဲ့ခြင်းဖြစ်သည်)
ဆန်းဒါးလန်း ၂-ဝ စတုတ်စီးတီး(စတုတ်စီးတီးမှ ၆၅ မိနစ်တွင် တစ်ယောက်အထုတ်ခံရသဖြင့် ရှုံးနိမ့်ရခြင်းဖြစ်သည်)
ဝက်စ်ဘရောင်း ၂-၃ နယူးကာဆယ်
ဝီဂန် ဝ-ဝ ဖူဟမ်
တနင်္ဂနွေပွဲစဉ်များ
စပါး-အာဆင်နယ် 7-30 ထိုင်းစံတော်ချိန်
ဝက်စ်ဟမ်း - မန်ယူ 10 နာရီ
No comments:
Post a Comment