

နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲများကစားကြရာ မာရာဒိုနာနည်းပြသော အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းကို ၂-ဝ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲအတွက် ပထမဂိုးကိုတော့ နယူးကာဆယ်နောက်တန်းကစားသမား ဂူတီရီရာ က ပွဲချိန် ၄၁ မိနစ်တွင် ဂိုးသမား၏ ညာဖက်ထောင့်ထဲသို့ကန်သွင်းပြီး ဗွေဆော်ဦးဂိုးကိုသွင်းယူသွားခဲ့သည်။ ဒုတိယဂိုးကိုတော့ ဘာစီလိုနာတိုက်စစ်မှူးဖြစ်သူ မက်စီက တိဗက်စ် ဖန်တီးပေးသည့် ဘောလုံးအားဆွဲပြေးပြီး ပြင်သစ် နောက်ခံလူ ၃ ယောက်အားလိမ်ခေါက်ပြီး ဂိုးသမား၏ဘယ်ဖက်ထောင့်သို့ ပွဲချိန် ၈၃ မိနစ်တွင် သွင်းယူသွားနိုင်ခဲ့သဖြင့် နည်းပြ မာရာဒိုနာ မျက်နှာပန်းလှခဲ့ရခြင်းဖြစ်သည်။ ပြင်သစ်တိုက်စစ်မှူးဖြစ်သူ အနယ်ကာ အာဂျင်တီးနား ဂိုးသမားနှင့် တစ်ယောက်ခြင်းတွေ့ကာ ဂိုးသွင်းခွင့်ရရှိခဲ့သော်လည်း အာဂျင်တီးနား ဂိုသမားက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သဖြင့် သိက္ခာဆယ် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီ 1-0 ဖင်လန် ( 79 ဂိုးတွင်ပင်နယ်တီ ကန်သွင်းခွင့်ရရှိသဖြင့် မန်ယူစတားစီရိုနယ်ဒိုက သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်)
No comments:
Post a Comment