ဟောဒီခြေထောက်ဟာ
ရွှေဖိနပ်ကိုလည်းချိန်ဖူးတယ်
ရွှေဂိုးကိုလည်းသွင်းဖူးတယ်၊
ခရီးရောက်အောင်လည်းသွားဖူးတယ်
လမ်းပျောက်ရွာလည်လည်းဖြစ်ဖူးတယ်၊
ဟောဒီခြေထောက်ဟာ
ကိုယ့်ပုဆိုးကိုလည်းနင်းဖူးတယ်
ကိုယ့်အမျိုးကိုလည်းညှဉ်းဖူးတယ်
ကိုယ့်ဂိုးကိုလည်းသွင်းဖူးတယ်၊
ဟောဒီခြေထောက်ဟာ
သူရဲကောင်းရဲ့မြင်းတကောင်လည်းဖြစ်ဖူးတယ်
သူယုတ်မာရဲ့မသာရထားလည်းဖြစ်ဖူးတယ်၊
တကယ်တော့
လူတိုင်းပိုင်ဆိုင်တဲ့ခြေအစုံဟာ
လူတိုင်းလိုချင်တဲ့ခရီးကိုသွားပေးတယ်
ကော်ဇောကိုလည်းနင်းပေးတယ်
ခွေးချီကိုလည်းနင်းပေးတယ်
ခြေထောက်ပိုင်ရှင်စေသလိုပ၊
ဘစောတင်
Summary
Rest of your post
No comments:
Post a Comment