
်
၂ဝ၁ဝ ကမာ့ ဖလားကစားရန်အတွက်နိုင်ငံအသင်းများ ချစ်ကြည်ရေး ခြေစမ်းပွဲများကစားကြရာ စပိန်အသင်းကအိမ်ကွင်းတွင် အင်္ဂလန်အသင်း အား၂-ဝ ဖြင့် အနိုင်ရရှိခဲ့သည်။ ယူရို ၂ဝဝ၈ ချန်ပီယံအိမ်ရှင်အသင်းက လူစုံထုတ်ကစား ခဲ့သော်လည်း အင်္ဂလန် အသင်းတွင် တိုက်စစ်မှူး ရွန်နီ မပါဝင်ခြင်းနောက်တန်းတွင် ဖာဒီနန် မပါဝင်ခြင်းနှင့် ကာပယ်ဟို၏ လူသစ်များအား စမ်းသပ်ကစား ခြင်းကဂိုးပြတ် ရှုံးနိမ့်စေခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၃၆ မိနစ်မှာတော့ စပိန်အသင်းမှဒေးဗစ်ဗီလာက ဂိုသမားဒေဗစ်ဂျိမ်း၏ညာဖက်ထောင့်ထဲသို့ ကန်သွင်းပြီး ပထမဂိုးကိုသွင်းယူနိုင်ခဲ့သည်။ ဒုတိယဂိုးကိုတော့ ပွဲချိန် ၈၃ တွင်စပိန်အသင်း ပြစ်ဒဏ်ဘောကန်ခွင့်ရသဖြင့် ဂိုးရှေ့သို့မတင်ပေးလိုက်ရာ လီယိုအန်တီက ခေါင်းတိုက်သွင်းယူခဲ့သဖြင့် အင်္ဂလန်အသင်း ၂-ဝ ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒေဗစ်ဘက်ခမ်း၏ဖန်တီးပေးမှုမှ ဂိုးသွင်းခွင့် များရရှိခဲ့သော်လည်း တိုက်စစ်မှူးများ အဆုံးသတ်မသေချာခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ဘက်ခမ်းယခုပွဲ ကစားခွင့်ရရှိခဲ့သဖြင့် နိုင်ငံတကာ ပွဲ အများဆုံးကစားထားခဲ့သည် ဆာဘော်ဘီမိုး၏စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ ဘက်ခမ်းယခုပွဲအပါအဝင် နိုင်ငံပွဲပေါင်း ၁ဝ၈ ပွဲကိုအင်္ဂလန်အသင်းအတွက် ကစားပေးနိုင်ခဲ့ပြီဖြစ်သည်။
No comments:
Post a Comment