
ဘသာ ၈ ဖေဖေါ်ဝါရီ ၂၀၀၉
အိုင်ယာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သော အမျိုးသားညွန့် ပေါင်းအစိုးရ၏ ညီလာခံနှင့် အစိုး ရအဖွဲ့ ဝင်အဖြစ် တာဝန်ပေးရွေးချယ်ရာတွင် မသမာမှုများ အချင်းချင်းသွေးထွက်သံယို ဖြစ်ရ သည်ထိပြသနာတက်ခဲ့ရကြောင်း ခေတ်ပြိုင်သတင်းဌာနကဖော်ပြခဲ့ပေသည်၊ ယင်းသတင်း တွင် ရခိုင်အမတ်နှစ်ဦးခိုက်ရန်ဖြစ်ပွါးခြင်း နောက်တဦးကအရက်မူးပြီးရမ်းကားသည် စသည် ဖြင် ပြည်ပသတင်းလောကတွင် ဟိုးလေးတကျော်ဖြစ်ခဲ့ရသည်၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံတွင်ရောက်ရှိနေသော အဲန်စီယူဘီဝန်ကြီး ဦးထွန်းဝင်း(မင်းပြား)ကို ရခိုင်အမျိုးသား သတင်းစာကတွေ့ ဆုံမေးမြန်းခဲ့သည်၊
ဘသာ၊ အန်ကယ်ခင်ဗျား၊ အခုကျနော်တို့ ပြည်ပသတင်းဌာနတွေမှာ ဖတ်နေရတယ်၊ အိုင် ယာလန်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ လွတ်တော်အမတ်များသမဂ္ဂအစည်းအဝေးကျင်းပအပြီး ၀န်ကြီးရွေးချယ်ပွဲလုပ်တဲ့နေရာမှာ မဲမသမာမှုတွေရှိတယ်လို့ ရေးထားတယ်။ အဲဒါအမှန်ဘဲ လားခင်ဗျား၊
ဦးထွန်းဝင်း၊ ၊လွတ်တော်ကိုယ်စားလှယ် (၃၂)ယောက်တက်ပါတယ်၊ ဒီမိုကရေစီကျကျနဲ့  ရွေးချယ်ပွဲလုပ်တာပါ၊ မဲမသမာမှုဆိုတာ လုံးဝမဟုတ်ပါဘူး၊
ဘသာ၊ ၊ အန်ကယ်နဲ့  ရခိုင်ပြည်ကအမတ်တဦးဖြစ်တဲ့ ဦးအောင်ထွန်းစိန်တို့ အစည်းအဝေး မှာ တဦးနှင့်တဦး စကားများရန်ဖြစ်ကြတယ်ဆိုတာ ဟုတ်ပါသလား၊
ဦးထွန်းဝင်း၊ ၊ လုံးဝ လုံးဝ မဟုတ်ပါဘူး၊ ကျနော်တို့ နှစ်ယောက် နေတာလည်း အတူတူဘဲ၊ အခုအိုင်ယာလန်ကပြန်လာလည်း လေယဉ်အတူတူစီးပြီးပြန်လာကြပါတယ်၊
ဘသာ၊ ၊ အန်ကယ် အဲဒါဆိုရင် အခုသတင်းမှာဖေါ်ပြတာတွေက မလိုမုန်းတီးသူတွေရဲ့ မ ဟုတ်မဟတ်လုပ်ကြံဖန်တီးမှု သက်သက်လား၊
ဦးထွန်းဝင်း၊ ၊ ဟုတ်ပါတယ်၊ ဘယ်လိုနေရာ ဘယ်လိုဒေသမှာဘဲဖြစ်ဖြစ် အတိုက်အခံ အနှောက်အယှက်ဆိုတာရှိကြစမြဲပါ၊ ဒါပေမဲ့ဘယ်ပြသနာကိုမဆို ချက်ချင်းတုန့် ပြန်လုပ် ဆောင်မှုဟာ သံသယဖြစ်နေသူအပေါ်မှာပိုပြီး သံသယကြီးထွားနိုင်ပါတယ်၊ ဒါကြောင့် အန် ကယ်အနေဖြင့် အခုအန်ကယ်အပေါ်မှာမဟုတ်မဟတ်လုပ်ကြံဖန်တီးတာတွေကိုသိပေမဲ့ ချက် ချင်းမတုန့် ပြန်ပါဘူး၊ အမှန်တရားဆိုတာ တနေ့ ပေါ်လာမှာပါ၊
ဘသာ၊ ၊ ဟုတ်ကဲ့ အခုလိုအန်ကယ်အနေနဲ့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့အချိန် မအားမလပ် တဲ့ကြားက ကျနော်တို့ ပြည်သူတွေရဲ့ အမြင်မရှင်းလင်းတဲ့သတင်းတွေအပေါ်မှာ အချိန်ပေးပြီး ဖြေရှင်းပေးတာကို ရခိုင်အမျိုးသားသတင်းစာအနေနဲ့  အထူးကျေးဇူးတင်ပါတယ်၊
No comments:
Post a Comment