Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, February 2, 2009

စင်ပြိုင်အစိုးရ ဖြေရှင်းချက်

ဖေဖော်ဝါရီ ၂၀၀၉

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့ သည့် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU) ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သည် မှန်သော်လည်း ကိုယ်စားလှယ်များအားလုံးက လူကြီးလူကောင်းဆန်စွာ ပြုမူဆက်ဆံ ပြောဆိုခဲ့ကြပါသည်။ စစ်အစိုးရ၏ ကုလသမဂ္ဂနေရာစိန်ခေါ်ရေး Credential Challenge ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲဆုံးဖြတ်ပြီးမှသာလျှင် အစီအစဉ်အရ ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Credential Challenge ကိစ္စအတွက် မဲခွဲစဉ်သည့်အချိန်တွင် မည်သူသည် ၀န်ကြီးချုပ်ဖြစ်လာမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ထို့နောက် လျှို့ဝှက်မဲဖြင့်အရွေးခံရသည့် ၀န်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို လျာထားခဲ့ခြင်းသာ ဖြစ်ခြင်းကြောင့် Credential Challenge ကိစ္စအတွက် ၀န်ကြီး နေရာပေး၍ မဲဝယ်မဲဆွယ်မှု ဖြစ်စရာအကြောင်း လုံးဝမရှိပါ။ ၀န်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လျှို့ဝှက်မဲဖြင့်သာ လုံးလုံးလျားလျား အများစုဆန္ဒမဲ Absolute majority ဖြင့် ညီလာခံမှ အတည်ပြုသည်ဖြစ်ခြင်းကြောင့် ဒီမိုကရေစီ ကျင့်စဉ်အတိုင်း အပြည့်အ၀ ရွက်ဆောင်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပတိ ဒေါ်စန်းစန်း၏ ရှေ့မှောက်တွင်ပင် ကတိသစ္စာ ဆိုခဲ့ကြသည်လည်း ဖြစ်ပါသည်။

ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒေါက်တာစိန်ဝင်းသည် (၂၂) မဲရရှိပြီး၊ Credential Challenge ကိစ္စ လုပ်လိုသည့်ဘက်မှ ၀န်ကြီးချုပ်လောင်း ဦးသိန်းဦးသည် (၁၀) မဲရရှိခဲ့ရာ၊ ကွာခြားသည်မှာ (၁၂) မဲဖြစ်၍ ၀န်ကြီးနေရာပေးပြီး မဲဝယ်သည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝ အခြေအမြစ်ကင်းမဲ့ပါသည်။

ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ

.

Summary

Rest of your post

No comments: