Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, February 2, 2009

လီဗာပူးအသင်းအိမ်ကွင်း၌ချဲယ်လ်ဆီးအားဂိုးပြတ်နိုင်



ဘီနာယောင်ဖန်တီးပေးသဖြင့် ဒုတိယဂိုးသွင်းယူအပြီး တောရက်စ်နှင့်ဘီနာယောင်



တောရက်စ် ပထမဂိုးအားခေါင်းတိုက်ပြီးသွင်းယူနေပုံ



မိနစ် 60 တွင် တိုက်ရိုက်အနီဖြင့် အထုတ်ခံရသည့်လမ်းဘတ်

ပရီးမီးယားလိဂ်၏ ပွဲစဉ် ၂၄ အဖြစ် လီဗာပူးအသင်းက ချဲယ်လ်ဆီးအသင်းအား အိမ်ကွင်း၌ ဧည်ခံကစားခဲ့ရာ လီဗာပူးတိုက်စစ်မှူးဖြစ်သူ တောရက်စ်၏သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်ကိုတွေ့ရှိရသည်။ ပထမပိုင်းပြီးသည်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်သည်ကိုတွေ့ ရှိရသည်။ ဒုတိယပိုင်း ပွဲချိန် ၆ဝ မိနစ်မှာတော့ ချဲယ်လ်ဆီး ကွင်းလယ်လူ လမ်းဘတ်က လီဗာပူး ကစားသမား အလွန်ဆိုအား ဘောလုံး ဖျတ်ထုတ်ရာတွင် ကြမ်းတမ်းသည်ဟု ဒိုင်လူကြီးကယူဆသဖြင့် တိုက်ရိုက် အနီဖြင့် အထုတ်ခံခဲ့ရသည်။ ချဲယ်လ်ဆီးအသင်းမှာ ၁၁ ဖြင့် ကစားရာတွင်ပင် အသာမရခဲ့ပဲ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သည်ကိုတွေ့ရှိရသည်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကိုတော့ တောရက်စ်က ပွဲချိန် ၈၉ မိနစ်တွင် ပြစ်ဒဏ်ဘောကန်တင်ရာမှတဆင့် ခေါင်းတိုက်ပြီး သွင်းယူခဲ့ခြင်းဖြစ်သည်။ နောက်ထပ် ၁ မိနစ်အကြာ ပွဲချိန် ၉ဝ မှာတော့ ချဲယ်လ်ဆီးနောက်တန်းကစား အက်ရှ်လေကိုးက ဘောလုံးဖမ်းထိမ်းရာတွင် အစထွက်သွားဖြင့် လီဗာပူးအသင်းမှ ဘီင်္နာယောင်က ဆွဲလုပြေးပြီးတောရက်စ်အား ခင်းပေးလိုက်သဖြင့် တောရက်စ်မှာ ခေါင်းဖြင့် တစ်လုံး ခြေထောက်ဖြင့်တစ်လုံး နှစ်လုံးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပီတာချက်စ်၏ လက်စွမ်းပြမှုကြောင့်သာ ဂိုးပြတ်မရှုံးပဲ သက်သာခဲ့ရခြင်းဖြစ်သည်။ ယခုပွဲတွင် အဝါကဒ် ၇ ကဒ်နှင့် အနီကဒ် ၁ ကဒ်ဖြင့် ပွဲမှာပွဲကြမ်းတစ်ပွဲဖြစ်ခဲ့သည်ကိုတွေ့ရှိရသည်။ ယခုပွဲချဲယ်လ်ဆီးအသင်း ရှုံးနိမ့်ရခြင်းမှာ လီဗာပူးအသင်း၏ ကွင်းလယ် အဖျတ်ကိုမယှဉ်နိုင်ခြင်း ကြောင့်ပင်ဖြစ်သည်။ ဘောလုံးပိုင်ဆိုင်မှုမှာ လီဗာပူးအသင်းက ၇ဝ ရာခိုင်နှုန်း ပိုင်ဆိုင် ပြီး ချယ်လ်ဆီးအသင်းက ၃ဝ ရာခိုင်နှုန်းလောက်သာပိုင်ဆိုင်သည်ကိုတွေ့ရှိရသည်။ လီဗာပူးအသင်း ယခုပွဲအနိုင်ကြောင့် ထိပ်ဆုံးမှ မန်ယူ နှင့် ၂ မှတ်သာကွာဟတော့သည်ကိုတွေ့ရသည်။ မန်ယူအသင်းက ၂၃ ပွဲသာကစားရသေးသဖြင့် ပွဲကျန်တစ်ပွဲ အသာဖြင့် ၂ မှတ်အသာရရှိနေခြင်း ဖြစ်သည်။

နယူးကာဆယ် 1-1 ဆန်းဒါးလန်း(ဆန်းဒါလန်းတိုက်စစ်မှူးဆစ်ဆီက 33 မိနစ်တွင်းစတင်သွင်းပြီး နယူးကာဆယ် အတွက် ချေပဂိုးကိုတော့ အမီယိုဘီကပင်နယ်တီမှတဆင့် 69 မိနစ်တွင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်၊

No comments: