Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Sunday, February 1, 2009

မန်ယူအသင်းအိမ်ကွင်း၌အဲဗာတန်အသင်းအားအနိုင်ရရှိ



မိုက်ကယ်ကားရစ်အားအဲဗာတန်မှအာတီတာခြေထိုးခံသဖြင့်ပင်နယ်တီပေးရပုံ

ပရီးမီးယားလိဂ်၏ ပွဲစဉ် ၂၃ အဖြစ် မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ယှပြိုင်ကစားကြရာ အိမ်ရှင်မန်ယူအသင်းက ဧည့်သည့် အဲဗာတန် အသင်းအား ၁-ဝ ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ရရှိခဲ့သဖြင့် ဒုတိယနေရာမှ လီဗာပူး အား ပွဲတူ ၅ မှတ်ဖြတ်ထားနိုင်ခဲ့သည်ကိုတွေ့ရှိရ သည်။ မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၄ မိနစ်တွင် မန်ယူကွင်းလယ်လူ ကားရစ်အား အဲဗာတန်တိုက်စစ်မှူး ဖြစ်သူ အာတီတာမှ ခြေထောက်ချိတ်မိသဖြင့် ပင်နယ်တီ ရရှိခဲ့ရာ ယင်းပင်နယ်တီအား မန်ယူအသင်းမှ စီရော်နယ်ဒို အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့သဖြင့် တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
စနေနေ့ည ပွဲစဉ်အနိုင်အရှုံးအဖြေများ
အာဆင်နယ် ဝ-ဝ ဝက်စ်ဟမ်း
အက်စတွန်ဗီလာ ဝ-ဝ ဝီဂန်
ဘော်လ်တန် ၃-၂ စပါး
ဖူဟမ် ၃-၁ ပို့စ်မောက်
ဟောစ်စီးတီး ၂-၂ ဝက်စ်ဘရွန်း
မစ်ဒ ဒယ်ဘရော့ ဝ-ဝဘလက်စ်ဘန်း
စတုတ် ၁-ဝ မန်းစီးတီး

No comments: