သေဆုံးသူကိုမြင့်လွင်
ပုဏ္ဍက ၂၉ ဇန်န၀ါရီ ၂၀၀၉
ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ဒေသတွင်နေထိုင်သော လူကယ်၇ီလုပ်သူ ကိုမြင့်လွင် အသက်(၂၈)နှစ်အရွယ်ခန့် သည် ခေါင်ငိုက်သစ်စက်တွင် ရက်ရက်စက်စက် ၀ိုင်းဝန်း ရိုက်သတ်ခံရ၍သေဆုံးသွားကြောင်းသတင်းရရှိသည်၊
ဖြစ်ပွါးပုံမှာ ၂၆။ ၁။ ၂၀၀၉နေ့ က မလေးရှားမှမောင်ဖြူဟူသောအမည်ဖြင့် ခေါင်ငိုက်မှ မလေးရှားကိုသွားမည့်သူများကို လာကြို၇န်ဖုန်းဆက်သည်ဟုဆိုသည်၊ ဆက်သွယ်ရမည့်  ဖုန်းနံပတ်ကိုပေးသောကြောင့် ကိုမြင့်လွင်သည်လူကြိုရန် ခေါင်ငိုက်သစ်စက်သို့  တယောက်တည်းသွားခဲ့သည်ဟု သိရသည်၊ ခေါင်ငိုက်သစ်စက်သို့ အရောက်တွင် သတ်ရန်ကြံစည်ထားသောလူလေးယောက်က သစ်ပိုင်းများဖြင့်ဦးခေါင်းကို ၀ိုင်းရိုက်သောကြောင့် ဒဏ်ရာမရှုမလှခံစားရကာ ဆေးရုံအရောက်တွင်သေဆုံးသွားသည် ဟုသိရသည်၊ ကိုမြင့်လွင်သည် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ် မေလွမ်းရွာသားဖြစ်သည်၊
ကိုမြင့်လွင်အသုဘချသည့်နေ့ ကလာရောက်ကြပို့ ဆောင်ကြသောမိတ်ဆွေသင်္ဂဟများ
ယင်းအမှုအခင်းနှင့်ပတ်သက်၍ သေဆုံးသူကိုမြင့်လွင်နှင့်ရင်းနှီးသော ဟတ်ယိုင်မှလူများ ကိုမေးမြန်းကြည့်ရာ သေဆုံးသူနှင့်ရင်းနှီးသော ရခိုင်အမျိုးသမီးတဦးက ” ကိုမြင့်လွင်ကို အဲဒီခေါင်ငိုက်သစ် စက် ၀င်းမှာဘဲ လူလေးယောက်ကရက်ရက်စက်စက် ၀ိုင်းရိုက်သတ်လိုက်ကြတာ၊ ခေါင်းကိုချည်းဘဲ၇ိုက်တယ်၊ ကျမတို့ ဆေးရုံကသူ့ အလောင်းကိုထုတ်လာတဲ့အခါ ၇ုပ်ကိုတောင်မမှတ်မိတော့ဘူး၊”ဟုပြောသည်၊ ဘာဖြစ်လို့ အခုလိုအသတ်ခံရတာလဲ တချို့  ပြောနေကြသလို အလုပ်သမားတွေကိုအလုပ်ကောင်းရမယ်ဆိုပြီး ပင်လယ်ထဲမှလှေသား အဖြစ်ရောင်းစားလို့  မကြေနပ်သူတွေကသတ်လိုက်တာဆိုတာ ဟုတ်ပါသလားဟု မေးရာ သူမက ” မဟုတ်ပါဘူးရှင်၊ သူကအဲသလိုတခါမှမလုပ်ပါဘူး ဒါပေမဲ့ သူနဲ့ ဆက်သွယ်လာ တဲ့ အလုပ်သမားတွေကို သူကတဆင့်ခေါ်သွားတဲ့နောက်ပွဲစားကရောင်းစားတာပါ အဲဒါ သူ့  ကိုဘဲ အထင်မှားကြတာပေါ့” ဆက်လက်ပြောဆိုသည်၊
ကိုမြင့်လွင်၏ဇနိးဖြစ်သူ မကိုဦးအားမေးမြန်းရာအစကဖြေဆိုရန်ငြင်းဆန်ခဲ့သည်။ နောက် ပိုင်းတွင်မှ သူမသည်အလွန်ထိတ်လန့် ကြောက်ရွံ့မိကြောင်း သတင်းစာကမေးသည်ကိုပင် သူမအားလာရောက်သတ်ဖြတ်မည့်သူများက လှည့်ဖျားမေးနေသည်ဟု ထင်ကြောင်း ပြောသည်။ သူမက အဲဒီမခင်းဖြစ်ပွါးမည့်နေ့ က မလေး၇ှားက မောင်ဖြူဆိုသောသူ ဆက်သွယ်လာသည့်ဖုန်းနံပတ်မှာ 012 4361 580 ဖြစ်ကြောင်းနှင့် ထိုင်းတွင်ဆက်သွယ်ရ မည့်သူမှာ မောင်မဲဟုခေါ်ကြောင်း သူ၏ဖုန်းနံပတ်မှာ 082 4296 502 ဖြစ်သည်ဟု ပြောပြသည်၊
ယင်းအမှုအခင်းနှင့်ပတ်သက၍ ၇ခိုင်အမျိုးသားသတင်းစာက ဆက်လက်စုံစမ်းကြည့်ရာ ပွဲစားအချင်းချင်းသတ်ဖြတ်သည်ဟု ဟတ်ယိုင်ရှိပွဲစားအသိုင်းအ၀ိုင်းကဆိုသည်၊ သတ် ဖြတ်ရာတွင် ပါဝင်ကျူးလွန်သူများကိုပြောလိုသော်လည်း မိမိတို့ ၏အသက်အန္တရာယ်ကို စိုးရိမ်၍ မပြောရဲကြောင်း ဆိုကြသည်၊
ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနယ်စပ်တွင် မြန်မာပြည်သားများသည် မကြာခဏ အရောင်းစားခံနေရသည်ဟူသော သတင်းများကို မကြာခဏကြားနေခဲ့ရသည်၊ ပွဲစား တဦးအနေဖြင့် လှေသို့ လူတယောက်ကိုရောင်းစားရလျှင် အခကြေးငွေ ဘတ်တသောင်းကျော်ရသည်ဟုသိရသည်၊ အရောင်းစားခံ၇သူမှာကား ပင်လယ်ပြင်ကြီးထဲ တွင် လွတ်မြောက်စရာလမ်းလုံးဝမရှိသည့် ရေထောင်၌အကျဉ်းကျကာ လှေရှင်သူဌေးခိုင်း သမျှကို လစာတပြားတချပ်မျှမရဘဲ သုံးနှစ်မှငါးနှစ်အထိလုပ်ကြရသည်ဟုဆိုသည်၊ အရဲစွန့် ၍ ပင်လယ်ပြင်တွင်ထွက်ပြေးရန်ကြိုးစားကလည်း သေနတ်ဖြင့်အဆုံးစီရင် ပစ်သတ်လေ့ရှိသောကြောင့် အလွန်ကြောက်စရာကောင်းသော ခေတ်သစ်ကျွန် အရောင်းအ၀ယ်စနစ်တခုထွန်းကားနေသည်ဟု ဆိုနိုင်သည်။ ရှေးခေတ်က အာဖရိကတိုက်မှ လူမည်းများကို ငွေဝယ်ကျွန်အဖြစ်ရောင်းဝယ်ခဲ့ကြသကဲ့သို့  ထိုင်းမလေးနယ်စပ်တွင်လည်း မြန်မာနိုင်ငံသားများသည် ကျွန်အဖြစ်အရောင်းအ၀ယ် ခံနေရသည်ကိုတွေ့ ရသည်၊
ယခုလူသတ်မှုသည် လူအရောင်းအ၀ယ်ကိစ္စနှင့်ဆက်စပ်နေခြင်းဟုတ်မဟုတ်ကိုမူ ကျနော်တို့ အဆက်အသွယ်များက ဆက်လက်စုံစမ်းဆဲဖြစ်သည်၊
Summary
Rest of your post
No comments:
Post a Comment