ချယ်လ်ဆီးအသင်းသည် အက်ဖ်အေဖလားပွဲစဉ်အဖြစ်အိမ်ကွင်းတွင် သရေကျခဲ့သဖြင့် အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်အဖြစ် ဆောက်အန်းကွင်းတွင် ကစားခဲ့ရာ ၄-၁ ဖြင့် အနိုင်ရရှိခဲ့သည်ကိုတွေ့ရှိရသည်။ ယခုပွဲ အနိုင်ရရှိခဲ့သော်လည်း ဆောက်အန်းအသင်းက ၁၆ မိနစ်တွင် ဦးဆောင်ဂိုးသွင်းပြီး ပွဲကိုဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၄၅ မိနစ်တွင် မိုက်ကယ်ဘောလက်က ချေပဂိုးသွင်းယုနိုင်ခဲ့သဖြင့် ပထမပိုင်းကို ၁-၁ ဖြင့် အဆုံးသတ်ခဲ့သည်ကိုတွေ့ရှိရသည်။ ဒုတိယပိုင်း ပွဲစပြီး ၁၅ မိနစ်အကြာ(ပွဲချိန် ၆ဝ မိနစ်)တွင် တောင်ပံ ကစားသမား တင်ကာလူးက ဦးဆောင်အနိုင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၈ မှာတော့ ချယ်လ်ဆီးအသင်း၏ ဂိုးသွင်းအများဆုံးတိုက်စစ်မှူး အနယ်ကာက သွင်းယူခဲ့ပြီး အဆုံးသတ်ဂိုးကိုတော့ ချယ်လ်ဆီးအသင်း၏ အကောင်းဆုံးအလယ်တန်းကစားသမား လမ်းပတ်က(မိနစ် ၉ဝ)တွင် သွင်းယူခဲ့သဖြင့် နည်းပြစကိုလာရီ အတွက်ဖိအားများကိုသက်သာစေခဲ့သည်။
Thursday, January 15, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment