Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, January 15, 2009

မန်ယူအသင်းကဝီဂန်အသင်းအားတစ်ဂိုးတည်းဖြင့်နိုင်

ရွန်နီဝီဂန်အသင်းဖက်သို့ ဂိုးသွင်းအပြီး အောင်ပွဲခံနေပုံ

ပရီးမီးယားလိဂ်၏လက်ကျန်ပွဲစဉ် ၂ဝ အဖြစ် မန်ယူအသင်းက ဝီဂန်အသင်းအားအိမ်ကွင်းတွင်လက်ခံကစားခဲ့ရာ ၁-ဝ ဖြင့်အနိုင်ရရှိခဲ့သည်။ မန်ယူအသင်း၏ယခုပွဲအနိုင်ကြောင့် ထိပ်ဆုံးမှ လီဗာပူးအသင်းနှင့် လက်ကျန် တစ်ပွဲအပါ ၂ မှတ်သာကွာဟတော့ ယင်းလက်ကျန်ပွဲသာ မန်ယူအသင်းက အနိုင်ရရှိပါက ၁ မှတ်အသာ ရရှိမည်ဖြစ်သည်။ ယင်းလက်ကျန်တစ်ပွဲမှာ ဖူဟမ်အသင်းနှင့်ဖြစ်ပြီး နောက်လ ၁၇ ရက် အင်္ဂါနေ့ည ၃ နာရီတွင် မန်ယူအိမ်ကွင်းတွင်လက်ခံကစားရမည့်ပွဲဖြစ်သည်။ ယခုလာမည့် စနေနေ့တွင် လီဗာပူးအနေဖြင့် မြို့ခံပြိုင်ဖက် အဲဗာတန်နှင့် ပွဲကြပ်ကစားရမည်ဖြစ်သဖြင့် သရေ ကျခဲ့လျှင်ပင် မန်ယူအသင်းအနေဖြင့် ဘော်လ်တန်အား အနိုင်ရရှိပါက တစ်ပွဲကျန်ဖြင့် ဇယားထိပ်ဆုံးသို့ရောက်ရှိမည်ဖြစ်သည်။ ယနေ့ပွဲတွင် မန်ယူအသင်းက ရှေ့တွင် ရွန်နီ ၊ ဘာဗ်ဘာတော့ ၊ အလယ်တွင် ပေါလ်စကိုး ၊ နာနီ၊ စီရော်နယ်ဒို၊ ကားရစ် ၊ နောက်တန်းတွင် ဗန်ဒါဆား(ဂိုး) ၊ ဗီဒစ် ၊ ရာဖေး ၊ အီဗန် ၊ အိုရှီးရား တို့ဖြင့်ပွဲထွက်ကစားခဲ့သည်ကိုတွေ့ရှိရသည်။ မန်ယူအသင်းအနေဖြင့် ၁ မိနစ်တွင် စီရော်နယ်ဒိုကတောင်ပံမှနေ၍တစ်ဖက်နောက်တန်းကစား၏ ပေါင်ကြားမှနေ၍ ခင်းပေးလိုက်သည့် ဘောလုံးအား ရွန်နီမှ့ကန်သွင်းယူပြီးတစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ၈ မိနစ်တွင်ရွန်နီနှင့်တိဗက် လဲလှယ် ကစားခဲ့သည်ကိုတွေ့ရှိရသည်။ ပထမပိုင်းတွင် မန်ယူအသင်းမှ ထိုးဖောက်ခွင့် များစွာ ရရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ ဂီဂန်အသင်းအနေဖြင့် တန်ပြန်တိုက်စစ်ဖြင့်သာ ကစားနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ဒုတိယပိုင်းတွင် ဝီဂန် အသင်းကပြန်လည်တိုက်စစ်ဆင် ကစားပြီး ဖိအားပေး နိုင်ခဲ့သော်လည်း တိုက်စစ်မှူးများ အဆုံးသတ်မသေချာခြင်းနှင့် ဗီဒစ်နှင့် ဗန်ဒါဆားတို့၏ ကာကွယ်နိုင်မှု့ ကြောင့်သာ မန်ယူ အသင်း ၃ မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ဝီဂန် အသင်းကစားပုံသည် ယခင်အပတ်က ချယ်လ်ဆီး အသင်းကစားပုံထက် ပိုမိုကောင်းမွန်သည်ကို တွေ့ရှိရသည်။

No comments: