Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Friday, January 16, 2009

ဖို့ တ်ဝိန်းမြို့ ကရင်နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

အမေရိကန်နိုင်ငံ၊ အင်ဒီးယားနားပြည်နယ်ရှိ ဖို့ တ်ဝိန်းမြို့ တွင် (၂၇၄၈) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယခုလ (၄) ရက်နေ့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ထိုပွဲတော်သို့  ဖို့ တ်ဝိန်းမြို့ မှ မြန်မာနိုင်ငံသားများအပါအ၀င် နိုင်ငံခြားသားများ၊ Wisconsin ပြည်နယ်၊ Chicago, Indianapolis, New York , Logansport နှင့် အခြားမြို့ များမှ ဧည့်သည်တော်များ အားလုံး (၇၀၀) ခန့်  တက်ရောက်အားပေးခဲ့ကြပြီး နေ့ လည် (၁၂) နာရီမှ ည (၉) နာရီအထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံတော် အလေးပြုခြင်း၊ ကရင်အမျိုးသားအစည်းအရုံး သ၀ဏ်လွှာဖတ်ကြားခြင်း၊ ကရင့်သမိုင်း၊ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနှင့် အခြားဟောပြောပွဲများ၊ နံရံကပ်ပိုစတာများ၊ ရိုးရာယဉ်ကျေးမှုအဆိုအကများ၊ ခေတ်ပေါ်တေးဂီတ နှင့် ဧည့်ခံကျွေးမွေးရေးအစီအစဉ်များ ပါဝင်သည်။

ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်မှာ -
၁) ကရင့်ရိုးရာနှင့် ယဉ်ကျေးမှုများအားဆက်လက်ထိမ်းသိန်းစောင့်ရှောက်၍ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းသွားရန်၊
၂) ယူအက်စ် ရောက် ကရင်မိသားစုများ နှစ်စဉ်နှစ်တိုင်းဆုံတွေ့ ရပြီး စည်းလုံးညီညွတ်မှုပိုမိုရရှိလာစေရန်နှင့်
၃) ရှေးအစဉ်အဆက်ရှိခဲ့သော အမျိုးသားဂုဏ်ကို ဆက်လက်မြှင့်တင်လုပ်ဆောင်သွားရန် တို့ ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ ထုတ်ပြန်သည်။

ဖို့ တ်ဝိန်းမြို့ တွင် ကရင်နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိပြီး ယခုနှစ်သည် လူများပြီး အားရဖွယ်ဖြစ်သည်။

သတင်းနှင့် ပြန်ကြားရေး
(ဖို့ တ်ဝိန်းမြို့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီ)
စောကြိုင်းကြိုင်းပေးပို့ သည်

No comments: