Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, January 20, 2009

လီဗာပူးအသင်းမြို့ခံပြိုင်ဖက်အဲဗာတန်အသင်းနှင့်အမှတ်ခွဲယူ


အဲဗာတန်အသင်းမှတင်ကာဟေးချေပဂိုးသွင်းယူပြီးအောင်ပွဲခံနေပုံ


လီဗာပူးအသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ဂိုးသွင်းယူနေပုံ

ပရီးမီးယားလိဂ်၏ ပွဲစဉ် ၂၂ အဖြစ် လီဗာပူးအသင်းက အိမ်ကွင်းတွင် မြို့ခံပြိုင်ဖက်အဲဗာတန်အသင်းနှင့် တစ်ဖက် ၁-၁ ဖြင့် သရေသာကစား နိုင်သဖြင့် မန်ယူအသင်းက တစ်ပွဲလျော့ အမှတ်တူ ဂိုး ၂ ဂိုးအသာဖြင့် အမှတ်ပေးဇယားကိုဦးဆောင်ခွင့် ရရှိသွားခဲ့သည်။ ယခုပွဲတွင် လီဗာပူး အသင်းက ပွဲစသည် ဆိုသည်နှင့် တိုက်စစ်ဖွင့် ကာရှေ့တွင် တောရက်စ်နှင့် ရော်ဘီကိန်းကိုတင်ကာ ကစားခဲ့သော်လည်း ပထမပိုင်းတွင် အဲဗာတန် အသင်းကို အသာမရ၍ အဲဗာတန် အသင်း၏ တိုက်စစ်ဆင် ကစားမှုကိုသာ ကာကွယ်ခဲ့ရသည်။ လီဗာပူး တိုက်စစ်မှူး တောရက်စ် ပထမပိုင်းတွင် အဲဗာတန် ဂိုးသမားနှင့် တစ်ယောက်ချင်းတွေ့ကာ ဂိုးသွင်းခွင့် အခွင့်အရေး ရရှိခဲ့သော်လည်း ဂိုးသမား၏ဘယ်ဖက်တိုင်နှင့် ထိကာ အပြင်ဖက်သို့ထွက်ခွာသွားသဖြင့် ပထမပိုင်းကို ဂိုးမသွင်းနိုင်ကြဘဲ သရေ ဖြင့် သာ ပြီးဆုံးစေခဲ့သည်။ ဒုတိယပိုင်းစသည်နှင့် လီဗာပူး အသင်းက အတင်းတိုက်စစ်ဆင် ကစားလာခဲ့ရာ ပွဲချိန် ၆၈ မိနစ်တွင် လီဗာပုး အသင်းခေါင်းဆောင် စတီဗင် (ဂျရတ်)က ဂိုးဧရိယာ စည်းပြင်ပ အဝေးကြီးမှ အပြင်းကန်သွင်းရာ အဲဗာတန်ဂိုးသမားတင်ဟောင်းဝပ်ဒိုက်ပစ်သော်လည်းနောက်ကျကာ သူ၏ညာဖက်လက်အောက်မှ ဂိုးဝင်သွားခဲ့သဖြင့် လီဗာပူး အသင်းက ဦးဆောင်ဂိုးကိုရရှိသွားခဲ့သည်။ ပွဲချိန် ၈၇ မိနစ်တွင် အဲဗာတန် အသင်း၏ဒေါင့်ကန်ဘောအား အာတီတာမှ မကန်တင့်သည့် ဘောလုံးအား တင်ကာဟေးက ခေါင်းကိုနောက်လှန်၍တိုက်ပြီး ချေပဂိုးသွင်းယူသွားခဲ့ခြင်းဖြစ်သည်။ လီဗာပူး နောက်တန်းများ တင်ကာဟေးအား မကပ်ဘဲလွတ်ပေးထားသဖြင့် ခေါင်းတိုက်ခွင့် ရရှိသွားခြင်းဖြစ်သည်။ ယခုပွဲတွင် ပထမပိုင်းအား အဲဗာတန် အသင်းက အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အိမ်ရှင် လီဗာပူးအသင်းက ခြေအသာဖြင့် ကစားသွားသည်ကိုတွေ့ ရှိရသည်။ လီဗာပူး တိုက်စစ်မှူးဖြစ်သူ တောရက်စ်၏ အဆုံးသတ် မသေချာမှုကြောင့် အမှတ်ခွဲဝေယူခဲ့ရခြင်းဖြစ်သည်။

No comments: