တက်ရောက်နားထောင်နေသောပရိသတ်များ
ခိုင်မျိုးချစ်ထွန်း
ရခိုင်အလုပ်သမားအစည်းအရုံးမှကြီးမှူး၍ ၂၂၄ကြိမ်မြောက်ရခိုင့်ဘုရင့်နိုင်ငံတော်အချုပ်အခြာ အာဏာကျဆုံးခြင်း အထိမ်းအမှတ်အောက်မေ့ဖွယ်အခမ်းအနားကို ၃၁ ဒီဇင်ဘာ ၂၀၀၈နေ့ က ဘန်ကောက်မြို့ ရှိ ထက်ခမ်းအရပ်တွင် ရခိုင်အလုပ်သမားအစည်းအရုံးမှဦးစီးကာ ကျင်းပခဲ့ကြသည်၊
ယင်းအခမ်းအနားနှင့်ပတ်သက်၍ ရခိုင်အလုပ်သမားအစည်းအရုံးမှ ကိုခင်မောင်ဆွေက ”ကျနော်တို့ ဒီအခမ်းအနားကိုအသင်းသားတွေကလုပ်ချင်လွန်းလို့ ဖုတ်ပူမီးတိုက်စီစဉ်ရတာ၊ ကျနော်တို့ အသင်းကိုယ်တိုင်လည်း ဒီနေ့ ဘဲ ရုံးခမ်းရယ်လို့ စဖွင့်နိုင်ခဲ့တယ်၊ ကိုယ့်အသင်း သားတွေနဲ့ လုပ်ချင်ကြတယ်၊ လုပ်မယ်ဆိုပြီးလုပ်တာမို့ ချွတ်ယွင်းအားနည်းချက်တွေ အများကြီးရှိပါတယ်၊ သို့ သော် ကျနော်တို့ မြန်မာပြည်ထဲမှာနေတုန်းက ကိုယ့်လူမျိုးသမိုင်း ကိုယ့်နိုင်ငံသမိုင်းကိုလည်း သေသေချာချာမသိခဲ့ကြရဘူး၊ ဒီကိုရောက်မှသာ ကျနော်တို့ သမိုင်းကဘယ်လို မြန်မာတနိုင်ငံလုံးရဲ့သမိုင်းက ဘယ်ပုံဆိုတာကို အနည်းအကျဉ်းသိလာခဲ့ရ တယ်၊ အလားတူ ကျနော့လိုမျိုးမသိသေးတဲ့သူတွေသိလာအောင် သိပြီးသားလူတွေက ကိုယ့်လူမျိုးဂုဏ်ကိုထိန်းသိမ်းချင်စိတ်ရှိလာအောင်နဲ့ သမိုင်းဖြစ်ရပ်မှန်ကို မကွယ်ပျောက်စေလို တဲ့စေတနာနဲ့ ဒီပွဲကိုလုပ်ကြတာ” ဟုဆိုသည်၊
ယင်းအခမ်းအနားသို့ ရခိုင်အလုပ်သမားအစည်းအရုံးဝင် (၆၀)ကျော်တက်ရောက်ခဲ့သည်၊ အခမ်းအနားကျင်းပစဉ်အတွင်း တက်ရောက်လာသူများကလည်း မိမိတို့ အမြင်များကို အားရ ပါးရဖော်ထုတ်ပြောဆိုခဲ့ကြသည်၊
်
No comments:
Post a Comment