လွန်ခဲ့သောအနှစ်၂၀၀ရာကျော်ကရခိုင်တို့ သည် ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့် နန့်း ကိုယ်ပိုင်တိုင်းပြည်ဖြင့်နေထိုင်ခဲ့ကြသော တိုင်းပြည်တခုဖြစ်ခဲ့သည်၊ ယင်းသမိုင်း ဖြစ်စဉ်ကို ပြည်တွင်းရှိမျက်မှောက်ခေတ်ရခိုင်လူငယ်များအနေနှင့် သိခွင့်မရနိုင်ပေ၊ အလားတူ မြန်မာပြည်ဖွားအခြားသော ဗမာတိုင်းရင်းသားအပါအ၀င် တိုင်းရင်းသားညီအကိုမောင်နှမများ လည်း သေသေချာချာသိသူ ရာနှုန်းလွန်စွာနည်းလှပေသည်။ အာဏာရှင်အဆက်ဆက်က လိမ်လည်ရေးထိုးခဲ့သော သမိုင်းကိုသာသင်ကြားခဲ့ဘူုးသူများအနေဖြင့် သမိုင်းမှန်များကိုမသိ ရှိခဲ့ကြပါ၊ အလားတူ အခြားသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုမောင်နှမများတွင် လည်း သမိုင်းခေတ်အဆက်ဆက် အလိမ်ခံနေခဲ့ရသောသမိုင်းလိမ်များကိုသာ သင်ယူလေ့လာ ခဲ့ရသည်ကို အားလုံးအသိဖြစ်ပါသည်၊ ဗမာတိုင်းရင်းသားများကိုယ်တိုင်လည်း အာဏာရှင် အဆက်ဆက်က သမိုင်းလိမ်ခံ သမိုင်းထိန်ချန်မှုများကို ခံခဲ့ကြရသည်သာဖြစ်သည်၊ အုပ်ချုပ် သူတို့ တည်ထွင်ရေးသားသောသမိုင်းသည် ပညာရှင်တို့ ရှာဖွေရေးသားမှတ်ကျောက်တင် သည့်သမိုင်းနှင့် ကွဲလွဲတတ်သည်ကို သင်္ခန်းစာယူ၍ အချင်းချင်းယုံကြည်မှုပိုမိုရှိလာအောင် တရေတည်းနေတရေတည်းသောက်သော ညီအကိုမောင်နှမများ၏သမိုင်းအမှန်ကို အပြန် အလှန်သိနားလည်အောင်ကြိုးစားခြင်းဖြင့် အဖိနှိပ်ခံပြည်သူအချင်းချင်း ပိုမိုနားလည်ကာ နီးနီးကပ်ကပ်လက်တွဲနိုင်မည်ဟု ယူဆပါသည်၊ ပြည်ပရောက်ရခိုင်အမျိုးသားများ၏ (၂၂၄) ကြိမ်မြောက်အချုပ်အခြာအာဏာကျဆုံးသည့်အခမ်းအနားကျင်းပပုံတချို့ ကို တင်ပြလိုက်ပါ သည်၊ နောက်ထပ် ကျင်းပသောနေရာများမှ သတင်းနှင့်ဓါတ်ပုံများကို ဆက်လက်ဖော်ပြသွား ပါမည်၊
၂၂၄ နှစ်မြောက်ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးရေနိန့် အခမ်းအနား
(နော်ဝေးနိုင်ငံ)
ကျနော်ရို့ ဂနိ၂၀၀၈ခုဒီဇင်ဘာလ(၃၁)နိန့် မှာ နော်ဝေးနိုင်ငံ Trondheim (ထရုန်ဟိုင်း) Stjørdal ရှော်ဒါးလ်မြို့ရောက် ရခိုင်ရခိုင်သူ/သားတိကဦးစီးဗနာ (၂၂၄)နှစ်မြောက် ရခိုင့် ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးရေနိန့် အခမ်းအနားကိုပြုလုပ်ကတ်ပါရေ။
အခမ်းအနားကို ရှော်ဒါးလ်မြို့ နော်ဝေးဘာသာစကားသင်ကျောင်းမှာ စစည်ကကားနဲ့ ပြုလုပ်ပါရေ။ အခမ်းအနားကို နော်ဝေးနိုင်ငံ Frivilighet senter (လူမှုကူညီစောင့်ရှောက်ရေး ရုံး)က တာဝန်ဟိန့် လူတိနန့်  ရှော်ဒါးလ်(Commune) က တာဝန်ဟိန့် လူတိ ၊ နော်ဝေး သတင်းနန့် စာပီသမားတိ၊ ဖိတ်ကြားထားရေ အာဂန္တုတိ စုစုပေါင်း( ၅၀)ကျော်လောက် တက်ရောက်ခပါရေ။ အခမ်းအနားအစမှာ ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိအတွက် အသက်ပီး လားခကတ်တေ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်တိကို တမိနိတိတိ ငြိမ်သက်ဂါရ၀ပြုဗနာ၊ ငါရို့ ပြည်ကို ငါရို့ အုပ်ချုပ်မေ ရခိုင်နိုင်ငံတော်တေးခြင်းကို ရခိုင်အောင်လံအောက်မှာ သံပြိုင့်ဆိုဗနာ အခမ်း အနားကို ဖွင့်လှစ်ခကတ်ပါရေ။
အခမ်းအနားမှာ ပါမောက္ခဒေါက်တာအေးကျော်က ရခိုင်အချုပ်အခြာအာဏာ ကျဆုံး ခြင်းနန့့်ပတ်သတ်၍ သမိုင်းကြောင်းကိုဖုန်းကတဆင့်ပြောကြားပီးပါရေ။ ယေပြီးကေ ကိုသန်းထွန်းက(၂၂၄)နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးရေနိန့့်နန့် ဇာကြောင့်အဂုပိုင်အခမ်းအနားကိုပြုလုပ်ရကြောင်းကို ရှင်းလင်းပြောကြားဗနာ ဦးခိုင်မင်းမောင်က (၁၇၈၄)ခုနှစ်ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးချိန်က စဗနာ အဂုလက်ရှိအခြေအနေထိ ရခိုင်ပြည်တော်လှန်ရေးအကြောင်းကို ပြောကြားပါရေ။
အခမ်းအနားမှာ ရခိုင့်ရိုးရာ သမိုင်းအမွီအနှစ်လက်ရာ ဓါတ်ပုံတိ၊ ရခိုင့်ရိုးရာ ယိုင်ကျေးမှု ဓါတ်ပုံတိနန့်  လက်ရှိရခိုင်ပြည် လူမှုဘ၀အခြေအနေ ဓါတ်ပုံတိကို (၃) မျိုးခွဲဗနာ ပြသထားပါ ရေ။ ယပြီးကေ ရခိုင်သမိုင်းအကျဉ်းနန့်  ၂၂၄ နှစ်မြောက်ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးရေနိန့် အခမ်းအနားအကြောင်းကို အင်္ဂလိပ်၊နော်ဝေး နှစ်ဘာသာနန့်  လက် ကမ်းစာစောင်တိကို ဖြန့် ဝီပီးခပါရေ။
အခမ်းအနားမပြီးခင် ၂၂၄ နှစ်မြောက် ရခိုင်ဘုရင့် အချုပ်အခြာအာဏာကျဆုံးရေနိန့်  အမှတ်တရအနီနန့် နော်ဝေးရောက် ရခိုင်ရခိုင်သူ/သားတိကိုယ်စား ဦးခိုင်မင်းမောင်က ရခိုင် သမိုင်းဆိုင်ရာစာအုပ်တိဖြိုက်တေ (Burma’s Lost Kingdoms, The Land Of The Great Image and The Raiders Of Arakan) စာအုပ်တိကို ရခိုင်သမိုင်းကို နိုင်ငံခြားသားတိ သိစီ ချင်ရေ ရည်ရွယ်ချက်နန့်  ရှော်ဒါးလ်စာကြည့်တိုက်သို့ လှူဒါန်းခကတ်ပါရေ။
အခမ်းအနားအပြီးမှာ ရခိုင်ရိုးရာ(မုန့် တီ) အစားအစာနန့်  တည်ခင်းကျွေးမွေးဗနာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခကတ်ပါရေ။
ရခိုင်အချုပ်အချာအာဏာ ကျဆုံးနေ့ အခမ်းအနား ဒိန်းမတ်နိုင်တွင်လည်း ကျင်းပ
နိရဉ္စရာသတင်းဌာန
၂၂၄နှစ်မြောက် ရခိုင်ပြည် အချုပ်အချာအာဏာကျဆုံးရသည့်နေ့အခမ်းအနားတရပ်ကို ဥရောပတိုက်ရှိ ဒိန်းမတ်နိုင်ငံတွင်လည်း ရခိုင်အမျိုးသားများက ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါအခမ်းအနားကို ဒိန်းမတ်နိုင်ငံ ရိုနင်မြို့ တွင် ရက္ခိုင်ဝံသာနုစာပေအသင်းက ဦးဆောင်ကြီးမှူးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံသားများနှင့် ဒိန်းမတ်နိုင်ငံသား ၃၀ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရခိုင်အမျိုးသားဒို့၏သမိုင်းကြောင်းနှင့်ပတ်သက် ရက္ခိုင်ဝံသာနုစာပေ အသင်း ဒုဥက္ကဌ ခိုင်မျိုးထွန်းကပြောကြားသည်။
ကိုခိုင်မျိုးထွန်းက “ကျွန်တော်တို့ရခိုင်လူမျိုးများသည် BC6000 လောက်တွင် အခြေချ နေထိုင်လာခဲ့ပြီး BC3325 တွင်ခိုင်မာကျော်ကြားသော မြို့ပြနိုင်ငံများကို တည်ထောင်ပြီး နောက်ပိုင်းတွင်ဘုရင်နိုင်ငံတော်ကို တည်ထောင်ကာ မင်းဆက်၂၅၂ဆက်၊ နန်းစံ နှစ်ပေါင်း ၅၀၂၈ထိ ကိုယ့်မင်းကိုယ်ချင်းနှင့် စည်ကားသိုက်မြိုက်စွာနေထိုင်လာသော တိုင်းပြည်ဖြစ်ကြောင်းနှင့် ယခုလက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လူမူ ဘဝ အခြေအနေများကို မြင်ရသည်မှာ အထူးဝမ်းနည်းစရာကောင်းကြောင်း” ဟု ပြောသည်။
အခမ်းအနားတွင် တက်ရောက်လာသူများက ရခိုင်အချုပ်အချာ အာဏာကျဆုံးရခြင်းနှင့် ပတ်သက်ပြီး ၀မ်းနည်းအောက်မေ့ဖွယ်စကားများကို အသီးသီးပြောကြားခဲ့ကြသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ၂၂၄ နှစ်မြောက် ရခိုင်အချုပ်အချာအာဏာကျဆုံးသည့်နေ့ အခန်းအနား ကျင်းပပြုလုပ်
သျှင်ထွီးခိုင်(နိရဉ္စရာ)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ရောက်ရှိနေသည့် ရခိုင်အမျိုးသားများက ၂၂၄ နှစ်မြှောက် ရခိုင်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးသည့်နေ့ကို ဒက္ကားမြို့တော်တွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
အခန်းအနားသို့ နိုင်ငံရေးပါတီအဖွဲ့အစည်းများမှ ခေါင်းဆောင်များ ကျောင်းသား လူငယ်များနှင့် အမျိုးသမီးအဖွဲ့များမှ စုစုပေါင်း အင်အား ၅၀ ခန့် တက်ရောက်ခဲ့သည်။
အခန်းအနားကို နေ့လည် ၁ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရှေ့ဦးစွာ နှစ်ပေါင်း ၂၂၄ နှစ် အတွင်း ရခိုင်အမျိုးသားလွှတ်မြှောက်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြသော ရခိုင်အာဇာနည်များအား တမိနစ်ခန့် ငြိမ်သက်စွာ အလေးပြုပြီး ဂါရ၀ပြုခဲ့ကြသည်။
၎င်းနောက် တက်ရောက်လာသူများအထဲမှာ ကိုကျော်မြသာ၊ ကိုအနီမောင်နှင့် ကိုခိုင်မြတ်ကျော်တို့မှ သဘာပတိများ အဖြစ် နေရာယူကြသည်။
သဘာပတိများ နေရာယူ၍အပြီးတွင် သဘာပတိအသီးသီးမှ အဖွင့်အမှာ စကားများ ပြောကြားကြပြီး တက်ရောက်လာသူများမှလည်း ၁၇၈၄ခုနှစ် ဒီဇင်ဘာလ၃၁ရက်နေ့ တွင် ရခိုင်အမျိုးသားတို့၏အချုပ်အချာအာဏာကျဆုံးခဲ့ရပုံများကို ဟောပြောကြသည်။
သဘာပတိအဖြစ်ဆောင်ရွက်သူ ဝါရင်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးကျော်မြသာက အခန်းအနားတွင် ယခုကဲ့သို့ ပြောသည်။
“ရခိုင်လူမျိုးတို့၏ ထီးနန်း အချုပ်အချာအာဏာကျဆုံးရပုံကို လေ့လာကြည့်မယ်ဆိုရင် အလွန်ဝမ်းနည်းစရာကောင်းကြောင်း၊ ဗမာဘုရင်တပ်များ ရခိုင်ကိုတောင်ကုတ်လမ်းမှ တဆင့် စတင်ဝင်ရောက်လာရာတွင် တပြည်စစ်ကို တဦးတည်းတိုက်၍မနိုင်ကြောင်း၊ သို့အတွက် တောင်ကုတ်စား ကျားရီဝတ်ဗိုလ်ကျော်ထွီးမှ မြောက်ဦးနန်းကိုစိုးစံသော မဟာသမတရာဇာအားစစ်ကူပို့ရန်တောင်းဆိုခဲ့ကြောင်း၊ သို့သော်လည်း ကျားရီဝတ် ဗိုလ်ကျော်ထွီးမှာ မြောက်ဦးထီနန်းကို ဆန့်ကျင်သူဖြစ်သည်ဟုဆိုကာ မြောက်ဦးထီးနန်း မှ စစ်ကူမပို့ခဲ့ကြောင်း၊ သို့တွင် တောင်ကုတ်စားဗိုလ်ကျော်ထွီးမှာ ဗမာဘုရင်တပ်ကို စစ် မခံနိုင်၍ ဗမာဘုရင်တပ်များဝင်ရောက်လာပြီး နောက်ဆုံး မြောက်ဦးထီးနန်းကျခဲ့ရ ကြောင်း” စသဖြင့် ပြောကြားသည်။
၎င်းအပြင် အမျိုးသားသစ္စာဖေါက်ဆိုသည်မှာ မိမိအမျိုးသားရေးကို မိမိအမျိုးသားအတွင်း မဖြေရှင်းဘဲ လူမျိုးခြားများကိုခေါ်၍ ဖြေရှင်းခြင်းသည် အမျိုးကိုသစ္စာဖေါက်ဟု ခေါ်ခြင်း ဖြစ်ပြီး ငသံတွေနှင့် မောင်ထွန်းစံ၏လုပ်ရပ်မှာ အမျိုးသားသစ္စာဖေါက်လုပ်ရပ်ဖြစ်ကြောင်း” သူက ပြောကြားသည်။
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးအနီမောင်ကလည်း “ရခိုင်တမျိုးသားလုံး သူ့ကျွန်ဘဝကျရောက်လာသည်မှာ နှစ်ပေါင်း၂၀၀ကျော်လာပြီးဖြစ်သော်လည်း ယခုတိုင် ရခိုင်အမျိုးသားများ စည်းလုံးမှုမရရှိနိုင်သေးကြောင်းနှင့် ယခုအချိန်တွင် ရခိုင်အမျိုးသား အဖွဲ့ အစည်းများအားလုံး စည်းလုံးညီညွတ်သင့်ကြောင်း ရခိုင်ပြည်အချုပ်အချာအာဏာ ပြန်လည်ရရှိရေးသည် ရခိုင်လူမျိုးတို့အတွက် စည်းလုံးညီညွတ်ရေးသည် အဓိကဖြစ် ကြောင်း” ပြောကြားသည်။
နိရဉ္စရာသတင်းဌာနအယ်ဒီတာချုပ်ဦးခိုင်မြတ်ကျော်မှလည်း “အတွင်းရန်သည် အပြင်ရန် ထက် ကြောက်စရာကောင်းကြောင်း၊ ရခိုင်အမျိုးသားအတွင်း ဖြစ်ပေါ်ခဲ့သော အတွင်းရန် ကြောင့် တိုင်းပြည်ပြိုကွဲပျက်စီးခဲ့ရခြင်းဖြစ်သည်” ဟု ပြောကြားသည်။
ရခိုင့်နိုင်ငံတော်အချုပ်အချာအာဏာကျဆုံးသည့်၂၂၄နှစ်ပြည့်နေ့အခမ်းအနားတွင် အဖွဲ့ အစည်းအသီးသီးမှ တက်ရောက်လာသောကိုယ်စားလှယ်များကလည်း အသီးသီး အမှာ စကားများ ပြောကြားခဲ့သည်။
အခန်းအနားတွင် အင်္ဂလိပ်၊ ရခိုင် နှစ်ဘာသာဖြင့် ရေးသားရိုက်နှိပ်ထားသည့် “၂၂၄ နှစ်မြောက်ရခိုင်နိုင်ငံတော်အချုပ်အချာအာဏာကျဆုံးသည့်နေ့” ထုတ်ပြန်ကြေငြာချက် ကိုလည်းဖြန့်ဝေခဲ့သည်။
အခမ်းအနားမှာ ညနေ ၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
ထိုင်းနိုင်ငံဖူးကပ်တွင်ပြုလုပ်သောရခိုင်အချုပ်အချာအာဏာကျဆုံးနေ့လူပေါင်း၂၀၀ခန့် တက်ရောက်
ိနိရဉ္စရာသတင်းဌာန
၂၂၄နှစ်မြှောက် ရခိုင်အချုပ်အချာအာဏာကျဆုံးနေ့အောက်မေ့ဖွယ် အခမ်းအနားတရပ် ကို ထိုင်းနိုင်ငံ ဖူးကပ်မြို့တွင် ဒီဇင်္ဘာလ၃၁ရက်နေ့ကကျင်းပရာ လူပေါင်း၂၀၀ခန့် တက် ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားအား အဝေးရောက်ရခိုင်အမျိုးသားများဖြင့် စုပေါင်းဖွဲ့စည်းထားသော လေးဝတီလူမူရေးအသင်းမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့တက်ရောက်ခဲ့သုကိုကျော်ဇင်ဦးမှ “ အခမ်းအနားကို နံနက်၉နာရီခွဲမှ စ တင်ပြီးပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေအပါအ၀င် ရခိုင် အမျိုးသား၂၀၀ခန့် တက်ရောက်ခဲ့ပါတယ်။ ညနေ၃နာရီမှာ အောင်မြင်စွာနဲ့ အခမ်းအနား ပီးဆုံးခဲ့ပါတယ်။” ဟု ပြောသည်။
အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)မှကိုယ်စားလှယ်များ၊ ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့်လူငယ်များကွန်ဂရက်မှ ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ သည်။
အခမ်းအနားသို့ တက်ရောက်လာသူများက ဆုံးရှုံးနေသောရခိုင်အချုပ်အချာအာဏာ ရခိုင်အမျိုးသားများ လက်ထဲသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ရခိုင်အမျိုးသားတိုင်း မိမိသမိုင်းဖြစ်ရပ်မှန်များကိုသိရှိရန်လိုအပ်ပြီး ဇာတိသွေးဇာတိမာန် အပြည့်ဖြင့် ကြိုးစားကြ ရန်လိုကြောင်း ပြောကြားခဲ့ကြသည်ဟုသိရသည်။
၂၂၄ နှစ်မြောက် အချုပ်အချာအာဏာကျဆုံးသည့်နေ့အခမ်းအနားအား ကျင်းပခဲ့သော လေးဝတီရခိုင်လူမူရေးအသင်းမှာ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော ရခိုင်အမျိုးသားများ၏ သာရေးနာရေးကိစ္စကို ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းကြီးတခုဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း ရခိုင်အမျိုးသားများနှင့် သက်ဆိုင်သောနေ့ကြီးရက်ကြီးကို အမျိုးသားရေးများ စိတ်ဓါတ်ဖြင့် ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပလေ့ရှိကြောင်း သိရသည်။
No comments:
Post a Comment