Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, January 6, 2009

ဆောက်သမ်တန်၏အိမ်ကွင်း၌ မန်ယူအသင်းအခက်အခဲမရှိ ဂိုးပြတ်ဖြင့်နိုင်

နံပါတ် 19 ၀ီဘတ်ဂိုးသွင်းအပြီးအောင်ပွဲခံနေပုံ
အက်ဖ်အေဖလား၏တတိယအကျော့ ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်၏အသင်းကြီးများပါဝင်လာသဖြင့် လူများစိတ်ဝင်စားလာကြခြင်းဖြစ်သည်။ ယခုပွဲစဉ်တွင်မန်ယူ အသင်းမှ လူငယ်ကစားသမား ၄ ဦး အသုံးပြုသွားခဲ့ပြီး နှစ်ဦးမှာ တစ်ဦးစီသွင်းယူနိုင်ခဲ့သဖြင့် နည်းပြဖာဂူဆန် မျက်နှာပန်း လှခဲ့ရသည့် ပွဲဖြစ်သည်။ ပွဲစချိန် မိနစ် ၂ဝ မှာဘဲမန်ယူလူငယ်ကစားသမားဝီဘက်က ဗွေစော်ဦးဂိုးကိုသွင်းယူခဲ့သည်။ ပွဲချိန် ၃၇ မိနစ်တွင် မန်ယူ အသင်းမှ နောက်တန်းကစားသည့် အီဘန်အား ဆောက်သမ်တန်အသင်းမှ ပီတာဆန်ကခြေထောက်ဖြင့် အဝင်ကြမ်းပြီးနင်းခဲ့သဖြင့် အနီကဒ် ဖြင့် အထုတ်ခံခဲ့ရသဖြင့် တစ်ယောက်လျော့ တစ်ဂိုရှုံးဖြင့် ပထမပိုင်းကို ပြီးဆုံးစေခဲ့သည်။ ဒုတိယပိုင်းပွဲစပြီး ၃ မိနစ်အကြာတွင် နာနီ ဖရီးကဒ်ကန်သွင်းယူရာတွင် လက်ထိသွားသဖြင့် ရရှိသည့် ပင်နယ်တီအား နာနီက အမှားအယွင်းမရှိကန်သွင်းယူနိုင်သဖြင့် ပွဲကို ၂-ဝ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ တတိယဂိုးကိုတော့ 81 မိနစ်တွင်ရွန်နီမတင်ပေးသည့်ဘောလုံးအား ဂစ်ဆင်ကမြေမကျဘောကန်သွင်းပြီး အဆုံးသတ်ဂိုးကိုသွင်းယူသွားခဲ့သဖြင့် မန်ယူအသင်းက ခြေအသာ လူအသာ ဂိုးအသာဖြင့် အောင်ပွဲဆင်နိုင်ခဲ့ခြင်း ဖြစ်သည်၊
အက်ဖ်အေဖလား အနိုင်အရှုံး နှင့် ပြန်ကန်ပွဲစဉ်
ဟာတယ်ပူးလ် ၂-ဝ စတုတ်စီးတီး
ပို့စ်မောက် ဝ–ဝ ဘရစ္စတိုးလ်စီးတီး
ရှက်ဖီးဝင်းစ်ဒေး ၂-၁ ဖူဟမ်
ဝက်ဟမ်း ၃ -ဝ ဘန်စလေ
မစ်ဒယ်ဘရော့ ၂-၁ ဘာရိုး
ဟူးစီးတီး ဝ-ဝ နယူးကာဆယ်
ချယ်လ်ဆီး ၁-၁ ဆောက်အန်း(ချယ်လ်ဆီးအသင်းမှဝိန်းဘရစ်အားမန်းစီးတီးမှ ပေါင် ၁ဝ သန်းဖြင့် အရောင်းအဝယ်ဈေးကွက်စတင်)
မန်းစီးတီး ဝ-၃ နော်တင်ဟမ်ဖောရက်စ်(မန်းစီးတီးနည်းပြအနေဖြင့် အထုတ်ခံရရန်ပိုမိုနီးစပ်လာ)
ကာဒစ် ၂-ဝ ရီးဒင်း
ချာလ်တန် ၁-၁ နောဝစ်ခ်ျ
အာဆင်နယ် ၃-၁ ပလိုင်းမောက်
မက်ဆဲလက်စ်ဖီလ်း ဝ-၁ အဲဗာတန်
ဆန်းဒါးလန်း ၂-၁ ဘော်လ်တန်
ပရတ်စတန် ဝ-၂ လီဗာပူး
ဆောက်သမ်တန် ဝ-၃ မန်ယူ (သရေကျသည့် အသင်းများသည်ပြန်ကန်ရမည်ဖြစ်သည်)
ကားလင်းဖလားပွဲစဉ်အဖြစ် အင်္ဂါနေ့ည ၃ နာရီတွင် စပါး-ဘန်လေ (ထိုင်းစံတော်ချိန်)
ကားလင်းဖလား ပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ ည ၂-၄၅ ဒါဘီ-မန်ယူ

No comments: