Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, January 6, 2009

ရခိုင်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာစောမြအောင်ကွယ်လွန်


ကေတီ ၅ ဇန်န၀ါရီ ၂၀၀၉

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဌ ဆရာကြီး ဒေါက်တာ စောမြအောင်သည် ယနေ့ ညနေ(ရ)နာရီက ရန်ကုန်မြို့ ရှိသူ၏နေအိမ်တွင် ကွယ်လွန်သွား ကြောင်းသတင်းရရှိသည်။ ဆရာကြီးကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ်ရှိပြီဖြစ်သည်၊ ဆရာကြီးကို စစ်အစိုးရက ထောင်သွင်းအကျဉ်းချကာ အကြိမ်ကြိမ်နှိပ်စက်ညှဉ်းပန်းခြင်း ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ သော်လည်း ဆရာကြီးကား အလျှော့ပေး အညံ့မခံခဲ့ပါ၊ ဆရာကြီး ကွယ်လွန်ခြင်း သတင်းကို ကြားသိရပြီးနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချု့ပ် (ပြည်ပ) ဥက္ကဌ ဦးထွန်းဝင်းအာား ရခိုင်သတင်းစာက ဆက်သွယ်မေးမြန်းကြည့်ရာ” ဆရာကြီးနှင့် ကျနော်တို့ အတူတွဲ၍ အကြာကြီး လက်တွဲလုပ်ကိုင်ခဲ့သောကြောင့် ဆရာကြီးဟာ ခေါင်းဆောင် ကောင်းတယောက်ဖြစ်တယ်၊ သူကွယ်လွန်သွားတာဟာ ရခိုင်အမျိုးသားရေး အတွက်သာမက မြန်မာနိုင်ငံအတွက်လည်း ဆုံးရှုံးမှုတရပ်ဖြစ်တယ်၊” ဟုပြောသည်၊ ဆရာကြီး ဒေါက်တာစောမြအောင်၏ ဈာပနကို မနက်ဖြန် အင်္ဂါနေ့ နံနက်ပိုင်းတွင် သင်္ဂြိုဟ်မည်ဟု အဲန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦညဏ်ဝင်းကပြောသည်။

No comments: