Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, March 16, 2009

အက်စတွန်ဗီလာအိမ်ကွင်းတွင်စပါးအားရှုံးနိမ့်

ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သူဂျွန်ကာရူး
အနိုင်သေချာစေမည့်ဂိုးအားသွင်းယူခဲ့သူဒါးရင့်ဘန့်
ဦးဆောင်ဂိုးသွင်းယူခဲ့သူဂျာမိန်းဂျီးနပ်
အက်စတွန်ဗီလာအသင်းအိမ်ကွင်းတွင် 2-1 ဖြင့်ရှုံးနိမ့်ခဲ့သဖြင့် အမှတ်ပေးဇယား အဆင့် 4 နေရာအား အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အာဆင်နယ်အသင်းအားပြန်လည်လွဲပြောင်းခဲ့ရပြီဖြစ်သည်။ ယခုပွဲတွင် စပါးအသင်းက ရာသီကုန်တွင်တန်းမဆင်းရရေးအတွက် အစွမ်းကုန်တိုက်စစ်ဆင်ကစားလာခဲ့သဖြင့် ပွဲအစ 4 မိနစ်မှာဘဲ ဂိုးသမား ပုတ်ထုတ်သည့် ဘောလုံးအားဂျာမိန်းဂျီးနပ်က ခေါင်းတိုက်ပြီးသွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကို 1 ဂိုးအသာဖြင့် ဦးဆောင်ကစားခဲ့ရာ ဒုတိယပိုင်းပွဲအစ 5 မိနစ် (ပွဲချိန် မိနစ် 50 )တွင် ရော်ဘီကိန်းဖန်တီးပေးသည့်ဘောလုံးအား တိုက်စစ်မှူးဖြစ်သူ ဒါရင့်ဘန့်က သွင်းယူနိုင်ခဲ့သဖြင့် 2 ဂိုးအသာဖြင့် ဦးဆောင်ခဲ့ရာ ပွဲချိန် 89 မိနစ်မှာတော့ အက်စတွန်ဗီလာအသင်းအတွက် တစ်လုံးတည်းသော ဂိုးကိုတော့ တိုက်စစ်မှူးဖြစ်သူ ဂျွန်ကာရူးကသွင်းယူနိုင်ခဲ့သဖြင့် 1-2 ဖြင့်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: