ပရီးမီးယားလိဂ်ပွဲစဉ် 29 အဖြစ် ချဲယ်လ်ဆီးအသင်းက မန်းစီးတီးအသင်းအား အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ 1-0 ဖြင့်အနိုင်ရရှိခဲ့သည်ကိုတွေ့ရှိရသည်။ ယခုပွဲ အနိုင်ရရှိသဖြင့် အမှတ်ပေးဇယားတွင် လီဗာပူးအသင်းအား အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာအားဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ထိပ်ဆုံးမှ မန်ယူနှင့် 4 မှတ်သာကွာဟခဲ့သဖြင့် ချန်ပီယံမျော်လင့်ချက်ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် ပထမပိုင်း 18 မိနစ် တွင်ဖရီးကဒ်ကန်သွင်းရာ လမ်းပတ်မှ အက်စီယန်အားကန်တင်ပေးလိုက်ရာ အက်စီယန်မှ ဂိုးသမား ရှေ့ထွက်နေသည်ကို အခွင့်ကောင်းယူက အသာမတင်ပြီး ကန်သွင်းသွားခဲ့သည့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့ခြင်းဖြစ်သည်။
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
No comments:
Post a Comment