
ဂျုဗင်တပ်အသင်းခေါင်းဆောင်ဒယ်ပီယာရို ပင်နယ်တီသွင်းအပြီးအောင်ပွဲခံနေပုံ
ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဂျုဗင်တပ်နှင့် ချဲယ်လ်ဆီးတို့ယှဉ်ပြိုင်ကစားကြရာ ၂-၂ ဖြင့်သရေကျခဲ့သဖြင့် ချဲယ်လ်ဆီးအသင်းက ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် အိမ်ရှင် ဂျုဗင်တပ်အသင်းက ပွဲအစ ၁၉ မိနစ်တွင် ထရေစီဂေး၏ ဖန်တီးပေးမှုမှ ဂျုဗင်တပ်တိုက်စစ်မှူးဖြစ်သူ အင်ကွာဒို ကသွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်ခဲ့သော်လည်း ပွဲချိန် ၄၆ မိနစ်ပထမပိုင်းပြီးခါနီးတွင် လမ်းဘတ်၏ ကန်သွင်းမှုမှ ဘားတန်းထိပြီးပြန်ကျလာသည့်ဘောလုံးအား မိုက်ကယ်အက်ဆီယန်က အပိတ်သွင်းယူနိုင်ခဲ့သဖြင့် ၁-၁ ဖြင့် ပထမပိုင်းကို ပြီးဆုံးစေခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၇ဝ မှာတော့ ဂျုဗင်တပ်အသင်းမှ နောက်တန်းကစားသမားဖြစ်သူ ချီလီနီက ဒရော့ဘာအား အနောက်မှ ပြင်းထန်စွာဆလိုက်ထိုးပြီးဖျတ်ထုတ်ရာ ဘောလုံးမထိဘဲ ဒရော့ဘာအား နာကျင်စေခဲ့သဖြင့် ပထမပိုင်းတွင် တစ်ဝါထိထားသူ ချီလီနီမှာ နှစ်ဝါ တစ်နီဖြင့် ထွက်ခွာသွားခဲ့ရသဖြင့် ၁ဝ ယောက်တည်းဖြင့် ဆက်လက်ကစားခဲ့ရာ ပွဲချိန် ၇၄ မိနစ်တွင် ဂျုဗင်တပ်အသင်း ပြစ်ဒဏ်ဘော ကန်သွင်းရာ မိုက်ကယ်ဘောလက်မှ လက်ဖြင့် ကာမိသဖြင့် ပင်နယ်တီပေးရရာ ဂျုဗင်တပ်အသင်းခေါင်းဆောင် ဒယ်ပီယာရိုက ကန်သွင်းပြီး ၂-၁ ဖြင့် ပွဲကိုဦးဆောင်ခဲ့သော်လည်း ပွဲချိန် ၈၃ မိနစ်တွင် အက်စီယန်နှင့်လူစားလဲပြီးဝင်ရောက်လာသည့် ဘယ်လက်တီက ညာတောင်ပံမှ ဖြတ်တင်ပေးသည့် ဘောလုံးအား ဒရော့ဘာမှ နောက်တန်း နှစ်ယောက်ကြားမှ ဆလိုက်ထိုးပြီး ပိတ်နိုင်ခဲ့သဖြင့် ၂-၂ ဖြင့် ပြီးဆုံးခဲ့သဖြင့် ပထမ အကျော့ အနိုင်ရရှိထားသူ ချဲယ်လ်ဆီး ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်






No comments:
Post a Comment