Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, March 11, 2009

လီဗာပူးအိမ်ကွင်း၌ရီးရယ်မက်ဒရစ်အရှက်ကွဲ

အဆုံးသတ်ဂိုးသွင်းယူခဲ့သူလီဗာပူးနောက်ခံလူဒိုဆန်နာ


လီဗာပူးအတွက်မရှိမဖြစ်အသင်းခေါင်းဆောင်ဂျရတ်နှစ်ဂိုးသွင်းယူအပြီးအောင်ပွဲခံနေပုံ

လီဗာပူးအတွက်ဦးဆောင်ဂိုးသွင်းယူသူတောရတ်စ်

ချန်ပီယံလိဂ်ဒုတိယအကျော့အဖြစ် လီဗာပူးက အိမ်ရှင်အဖြစ် ဧည့်ခံကစားခဲ့ရာ ၄-ဝ ဖြင့် အနိုင်ရရှိခဲ့ပြှီး နှစ်ကျော့စလုံး အနိုင်ရရှိကာ ကွာတားအဆင့်သို့ အင်္ဂလန်နှစ်သင်းစောစီးစွာတက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် လီဗာပူးက အိမ်ရှင်အားသာချက်ဖြင့် တိုက်စစ်မှူး တောရက်စ်၊ ဒါကုတ်၊ ဘာဘယ်၊ ဂျရတ်တို့ဖြင့် တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲအစ ၁၆ မိနစ်မှာဘဲ ဂျရတ်၏ဖန်တီးပေးမှုမှ တောရက်စ်ကသွင်းယူနိုင်ခဲ့သဖြင့် တစ်ဂိုးအသာဖြင့်ဦးဆောင်ခဲ့ရာ ပွဲချိန် ၂၈ မိနစ်မှာတော့ ရီးရယ်မက်ဒရစ်နောက်ခံလူဟိန်စ့်က ဘောလုံးဖျတ်ထုတ်ရာတွင် လက်မောင်းဖြင့် ဖျတ်ထုတ်ခဲ့ဖြင့် ပင်နယ်တီပေးရသဖြင့် ဂျရတ်က အမှားအယွင်းမရှိကန်သွင်းပြီး ၂-ဝ ဖြင့်ပထမပိုင်းကိုပြီးဆုံးစေခဲ့သည်။ ဒုတိယပိုင်းပွဲအစ ၂ မိနစ် ပွဲချိန် ၄၇ မိနစ်မှာ ဂျရတ်က ညာတောင်ပံမှ ဖန်တီးပေးမှုအားအပိတ်ကန်သွင်းယူနိုင်ခဲ့သဖြင့် ၃-ဝ ဖြင့် ပွဲကိုဦးဆောင်ခဲ့ရာ ပွဲချိန် ၈၄ မိနစ်တွင် တိုက်စစ်မှူးတောရတ်စ်အားထုတ်ကာနောက်ခံလူ(နံပါတ် ၂ ) ဒိုဆန်နာနှင့်လူစားလဲကစားခဲ့ရာ ၈၈ မိနစ်တွင် နောက်ခံလူ ဒိုဆန်နာ နောက်ဆုံးအဆုံးသတ်ဂိုးအားသွင်းယူနိုင်ခဲ့သဖြင့် ရီးရယ်မက်ဒရစ် အရှက်တကွဲဖြင့် ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။


ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: