Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Sunday, February 15, 2009

ပို့မောက်စ်အသင်းအိမ်ကွင်း၌မန်းစီးတီးအသင်းအားဂိုးပြတ်အနိုင်ရရှိ


ဒုတိယဂိုးအားခေါင်းတိုက်သွင်းယူပြီးအောင်ပွဲခံနေသူဟရီဒါဆင်



မန်စီးတီးအသင်းဖက်သို့ ပထမဂိုးသွင်းအပြီးအောင်ပွဲခံနေသူဂျွန်ဆင်

ပရီးမီးယားလိဂ်၏လက်ကျန်ပွဲအဖြစ် ပို့မောက်စ်အသင်းနှင့် မန်းစီးတီးအသင်းတို့ယှ၌်ပြိုင်ကစားကြရာ ပို့မောက်စ်အသင်းက ၂-ဝ ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲတွင် ပို့မောက်စ်အသင်းယာယီနည်းပြ အဖြစ် လူငယ်အသင်း ဒါရိုက်တာဖြစ်သူ ပေါလ်ဟတ်ကတာဝန်ယူဆောင် ရွက်ခဲ့ရာ သူ၏ပွဲဦးထွက်ပွဲအိမ်ကွင်းတွင် ၂-ဝ ဖြင့် မန်းစီးတီးအသင်းအား အနိုင်ရရှိခဲ့သဖြင့် ရမှတ် ၂၇ မှတ်ဖြင့် တန်းဆင်းဇုံအန္တရယ်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် မန်စီးတီးအသင်းက ပထပိုင်းတွင်ဖိကစားနိုင်ခဲ့သော်လည်း ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့သဖြင့် ပထပိုင်းကို ဝ-ဝ ဖြင့် ပြီးဆုံးစေခဲ့သည်။ ဒုတိယပိုင်း မိနစ် ၇ဝ တွင် ဂျွန်ဆင်မှ ဘယ်တောင်ပံမှ ဆွဲလာပြီးတစ်ဖက် နောက်တန်းများအား လိမ်ခေါက်ကာ ဂိုးသမား ပိတ်ထားသည့် အကျဉ်းထဲသို့ ကန်သွင်းရာ ဂိုးသမား(နယူးကာဆယ်မှမန်စီးတီးဝယ်ယူထားခဲ့သည် ဂစ်ဗင်းမှ ပုတ်ထုတ်ရာ ဂျွန်ဆင်ရှေ့သို့ ပြန်ကျသဖြင့် ဂျွန်ဆင်က ဂိုးသမား ညာဖက်ထောင့်ထဲသို့ ကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမဂိုးကိုရရှိခဲ့ခြင်း ဖြစ်သည်။ ဂျွန်ဆင်သည် ပို့မောက်စ်အသင်း၏ ကျောနံပါတ် ၃ ဝတ်ဆင်ကာ နောက်တန်းကစားနေသော်လည်း ဂိုးတက်သွင်းယူနိုင်ခဲ့သူဖြစ်သည်။ ဒုတိယ ဂိုးကိုတော့ ပွဲချိန် ၇၅ မိနစ်တွင် ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရရှိသဖြင့် ပို့မောက်စ်အသင်းမှ ဂိုးရှေ့သို့မတင်ပေးရာ ပို့မောက်စ်အလယ်တန်း ကစားသမားဖြစ်သူ(ကျောနံပါတ် ၇)ဝတ်ဆင်သူ ဟရီဒါဆင်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့သဖြင့် ၂-ဝ ဖြင့် အနိုင်ရရှိကာ နည်းပြသစ်မျက်နှာပန်း လှခဲ့ခြင်းဖြစ်သည်။

No comments: