
ဒူဘိုင်းသို့ လေ့ကျင့်ရေး ခရီးစဉ်လာရောက်လျက်ရှိသော အေစီမီလန်အသင်းသည် အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကြုံတွေ့ ရနိုင်၍ လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကူအညီကိုရယူ၍ လေ့ကျင့်ခန်း ပြုလုပ်လျက်ရှိကြောင်းသိရှိရသည်။ အေစီမီလန် အသင်းသည် ၂၉-၁၂၂ဝဝ၈ တနင်္လာနေ့ ညတွင် ဒူဘိုင်းသို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာခဲ့ပြီး လာမည့်တစ်ပတ်တွင် ဂျာမန်ကလပ် ဟမ်းဘတ်အသင်း နှင့် ကစားရမည့် ခြေစမ်းပွဲအတွက် အင်္ဂါနေ့တွင် လေ့ကျင့်ရေးကို စတင်ပြုလုပ်ခဲ့သည်။ အေစီမီလန်သည် ကစားကွင်းတွင် လေ့ကျင့်ရေးပြုလုပ်ရန် ကွင်းပတ်ဝန်းကျင်တွင်လုံခြုံရေး အထူးတပ်ဖွဲ့ဝင် ၄ဝ ဦးတို့က စောင့်ကြပ်ခဲ့ကြသည်။ အကြမ်းဖက်သမားများသည် အင်္ဂလန် ကွင်းလယ်လူ ဘက်ခမ်းကို ဦးတည်၍ တိုက်ခိုက်မှုများ ပြုလာနိုင်ကြောင်း သတိပေးမှုများရှိခဲ့၍ ယခုကဲ့သို့ လေ့ကျင့်ရေး အကူအညီရယူရန် အေစီမီလန်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ အေစီမီလန်ကစားသမားများသည် နံနက်ပိုင်းလေ့ကျင့်ရေးအပြီးတွင် နေ့လည်စာ စားသောက်ခဲ့ကြပြီး နေ့လည်ပိုင်းလေ့ကျင့်ရေး ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ဇန်နဝါရီ ၆ ရက်နေ့တွင် ဂျာမဏီကလပ် ဟမ်းဘတ်နှင့် ခြေစမ်းပွဲ ကစားရန်စီစဉ်ထားသော်လည်း ဝင်ရောက်ကစားဖွယ်မရှိကြောင်းသိရှိရသည်။ အေစီမီလန်အသင်းတွင် နာမည်ကျော်ကစားသမား ကာကာ၊ ရော်နယ်ဒင်ဟို၊ ဘက်ခမ် တို့ဖြင့် ကမBာကျော် ဘောလုံးသမားများရောက်ရှိနေသော်လည်း အီတလီ စီးရီးအေတွင် ထိပ်ဆုံးမှ အင်တာနှင့် ၉ မှတ်အကွာသို့ ရောက်ရှိ လျက်ရှိသည်။



No comments:
Post a Comment