
အက်ဖ်အေဖလားရဲ့တတိယအဆင့်ပွဲစဉ်များတွင် ပရီးမီးယားလိဂ်အသင်းကြီးများစတင်ပါဝင်လာသဖြင့် လူများစိတ်ဝင်စားခဲ့ကြရာ ပရီးမီးလိဂ်အသင်းကြီးအချင်းချင်းတွေ့ဆုံမှုအဖြစ် စပါး-ဝီဂန်တွေ့ဆုံမှုကို ၂-၁-၂ဝဝ၉ ရက် သောကြာနေ့ ည ၃ နာရီ(ထိုင်းစံတော်ချိန်) တွင် စပါးအသင်းက အိမ်ရှင်အဖြစ် လက်ခံကစားခဲ့ရာ စပါးအသင်းကခြေအသာဖြင့် ၃-၁ ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့သဖြင့် တတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ယခုပွဲတွင် စပါးအသင်းက တိုက်စစ်မှူး ဒါးရင့်ဘန့်နှင့် ပတ်ပလူချင်ကို အတွဲကိုသုံးကာ စတင်ကစားခဲ့သော်လည်း ပွဲချိန် ၂၈ မိနစ်တွင်တိုက်စစ်မှူး ဒါးရင့်ဘန့်မကစားနိုင်တော့သဖြင့် မန်ယူမှ အက်ဖ်အေတွင်ကစားခွင့်ပြုလိုက်သည့် အငှားတိုက်စစ်မှူးဖြစ်သူ ကမ်ဘဲဝင်ရောက် ကစားခွင့်ရရှိခဲ့သည်။ ပွဲချိန် ၅၁ မိနစ်တွင် ကမ်ဘဲနှင့် ဝီဂန်ဂိုးသမား တစ်ယောက်ချင်းအတွေ့တွင် ဝီဂန်ဂိုးသမားက ခြေထောက်ကိုဆွဲလှဲလိုက်သဖြင့် စပါးအသင်းပင်နယ်တီရရှိခဲ့ရာ တိုက်စစ်မှူးပတ်ပလူချင်ကိုက ဂိုးသမား၏ညာဖက်ထောင့်ထဲသို့ အမှားအယွင်းမရှိကန်သွင်းပြီး ပထမဂိုးကိုသွင်းယူသွားခဲ့သည်။ ဒုတိယဂိုးကိုတော့ ကွင်းလယ်ကစားသမားမိုဒရစ်ကတိုင်ထိပြီးထွက်လာသည့် ဘောလုံးအား လှဲနေရာမှ ခေါင်းတိုက်သွင်းယူသွားသဖြင့် ၂-ဝ ဖြင့်ပွဲကိုဦးဆောင်ခဲ့သော်လည်း ပွဲချိန် ၈၇ တွင် ဝီဂန်တိုက်စစ်မှူးဖြစ်သူ ကင်မရာက ချေပဂိုးသွင်းယူသွားသဖြင့် ၂-၁ ဖြင့် ပွဲကိုဆက်လက်ကစားခဲ့ရာ ပွဲချိန် ၉၄ မိနစ်တွင် ပတ်ပလူချင်ကိုက တတိယဂိုးကို သွင်းယူသွားသဖြင့် ပတ်ပလူချင်ကိုက ယခုပွဲတွင် ၂ ဂိုးသွင်းယူပြီးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပါးတိုက်စစ်မှူး ပတ်ပလူချင်ကို၏ ဂိုးသွင်း မသေချာမှုကြောင့်သာ ဝီဂန် အသင်း ဂိုးပြတ်မရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
စနေနေ့ ည ပွဲစဉ်အဖြစ် အာဆင်နယ်-ပလေးမောက်စ် 10 နာရီ(မှတ်ချက်-ထိုင်းစံတော်ချိန်)
ချဲလ်ဆီး - စောက်အန်း 10 နာရီ
ပရတ်စတန် - လီဗာပူး 10 နာရီ
ဆန်းဒါးလန်း - ဘော်လ်တန် 10 နာရီ
တနင်္ဂနွေနေ့ ည ပွဲစဉ်အဖြစ် စောက်ပသန်တန် - မန်ယူ 11 နာရီ
No comments:
Post a Comment