
ကားလင်းဖလားဆီးမီးဖိုင်နယ် ပွဲစဉ်အဖြစ် စပါး အသင်းနှင့် ဘန်လေအသင်းတို့ကစားကြရာ စပါးအသင်းက ကိုယ့်အိမ် ကိုယ့်ပရိသတ်အားဖြင့် ၄-၁ အနိုင်ရရှိကာ ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်သည်။
ယခုပွဲတွင် စပါးအသင်းက တိုက်စစ်မှူး ကမ်းဘဲနှင့် ပေါ်ပလူချင်ကိုတို့ အတွဲ ဖြင့်တိုက်စစ်ဆင်ကစားခဲ့သည်။ ပွဲချိန် ၁၅ မိနစ်မှာတော့ ဧည့်သည် ဘန်လေအသင်းကဂိုးစတင်သွင်းယူသွားနိုင်ခဲ့သည်။ စပါးအသင်းအနေဖြင့် ချေပဂိုးရရန်မစွမ်းဆောင်နိုင်သဖြင့် ပထမပိုင်းကို ဧည့်သည်အသင်းက ၁ ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းစစခြင်း ပွဲချိန် ၄၇ မိနစ်မှာတော့ စပါးအသင်းအတွက်ချေပဂိုးနောက်တန်းမှ ဒေါ့လ်ဆင်က ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကိုတော့ အိုဟာရာက မြေမကျဘော ဖြင့် ဂိုးသမားပိတ်ထားသည့် ညာဖက်ထောင့် အကျဉ်းထဲသို့ ကန်သွင်းယူပြီး ပထဆုံးအနိုင်ဂိုးကိုစတင်ခဲ့သည်။ တတိယဂိုးကိုတော့ တိုက်စစ်မှူးပတ်ပလူချင်ကိုက နောက်တန်း ၂ ယောက်ကိုဖြတ်ကျော်၍ ပွဲချိန် ၆၅ မိနစ်တွင် သွင်းယူသွားခဲ့သဖြင့် မိနစ် ၂ဝ အတွင်း ၃ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ စတုတ္တဂိုးကိုတော့ ဘန်လေအသင်းမှ ပွဲချိန် ၆၈ မိနစ်တွင်နောက်တန်းကစားသမားမှ ဒေါင့်ကန်ဘောအား ခေါင်းဖြင့် ဖျတ်ထုတ်ရာတွင် ဂိုးထဲရောက်ရှိသွားသဖြင့် အုန်းဂိုးဖြင့် ဂိုးအဆုံးသတ်ကာ စပါးအသင်းဗိုလ်လုပွဲသို့ရာက်ရှိခဲ့ခြင်းဖြစ်သည်။ စပါးနည်းပြဖြစ်သူရက်နက်ကတော့ ပို့စ်မောက်အသင်းမှ တပည့်ဟောင်းဖြစ်သူ တိုက်စစ်မှူး ဒီဖိုးအား ပေါင် ၁၆ သန်းနီးပါးဖြင့် စပါးသို့ဝယ်ယူကာ တိုက်စစ်အတွက် ဖြည့်တင်းနိုင်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ည 2-45 မှာတော့ ထိုင်းတီဗွီ ချန်နယ် 7 မှာ ဒါဘီ- မန်ယူ ပွဲမှ အနိုင်ရရှိသူနှင့် စပါးအသင်းတို့တွေ့ဆုံမည်ဖြစ်သည်။
No comments:
Post a Comment