
အင်တာမီလန် အသင်း နည်းပြ မော်ရင်ဟိုသည် တိုက်စစ်မှူး အက်ဒီရီယာနိုအား ရောင်း ထုတ်ရန် စီစဉ်နေပြီး မန်စီးတီးအသင်း၏ ဘရာဇီးလ် တိုက်စစ်မှူး ဂျို နှင့် အလဲအလှယ် ပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။
မော်ရင်ဟိုသည် ယင်းကမ်းလှမ်းမှုအား ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ပြုလုပ်သွားဖွယ် ရှိနေကြောင်းနှင့်ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် တိုက်စစ်ပိုင်း အားဖြည့်ရန် ဂျိုအား အရခေါ်ယူဖွယ်ရှိနေကြောင်းသိရှိရသည်။ ဂျိုသည် CSKA မော်စကို အသင်းတွင် (၇၇)ပွဲကစား (၄၄)ဂိုးထိ သွင်းယူနိုင်ခဲ့သော်လည်း မန်စီးတီးတွင် ပွဲဦးထွက်ခွင့် မရဘဲဖြစ်နေသည်။
No comments:
Post a Comment