Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, January 12, 2009

လီဗာပူးအသင်း စတုတ်ကွင်းတွင် အမှတ်ခွဲယူသွားသဖြင့် မန်ယူအတွက်အားဖြစ်

လီဗာပူးပွဲအားလာရောက်ကြည့်ရှုနေသောမာရာဒိုနာ
စတုတ်စ်စီးတီးအသင်းဖက်သို့လီဗာပူးတိုက်စစ်ဆင်ကစားနေပုံ


စနေနေ့ည ပရီးမီးလိဂ်၏ပွဲစဉ်၂၁ အဖြစ် စတုတ်စ်စီးတီးအသင်းက ဧည့်သည့် လီဗာပူးအသင်းအား ဧည့်ခံကစားခဲ့ရာ ဝ-ဝ ဖြင့် သရေ ကစား ခဲ့နိုင်သည်။ ယခုပွဲတွင် စတုတ်စ်အသင်းက မိမိကွင်း၏ ပရိတ်သတ်အားဖြင့် လီဗာပူးအသင်းအား ရှိန်မနေဘဲ ပွဲစကစားကတည်းက တိုက်စစ်ဆင် ကစားလာခဲ့သည်ကိုတွေ့ရှိရသည်။ လီဗာပူးအသင်းမှာလည်း ယခု ည မန်ယူ-ချဲယ်လ်ဆီး ကစားရန်ရှိသဖြင့် စတုတ်စီးတီးအား အနိုင်ရရှိပြီး မန်ယူ၊ချဲယ်လ်ဆီး တို့အား အမှတ်ဖြတ်ရန်ဖိအားများဖြင့် ကစားခဲ့သည်ကိုတွေ့ရှိရသည်။ လီဗာပူးအသင်းသည် စတုတ်စီးတီးအား လျော့တွက်ပြီး တိုက်စစ်မှူး ဒါကုတ် ဘီနာယောင်တို့ဖြင့်ပွဲထွက်လာခဲ့ပြီး ပွဲချိန် ၆ဝ မှ တောရက်စ် ကိုအစားသွင်းခြင်း ၇၆ မိနစ်တွင် ဘာဘယ် တို့အားထည့်ပြီး တိုက်စစ်ဆင်ကစားခဲ့သော်လည်း စတုန်စီးတီးအသင်းက ပိတ်ဆို့ကစားခဲ့နိုင်သဖြင့် တစ်မှတ်ခွဲဝေပေးခဲ့ရခြင်းဖြစ်သည်။ စတုတ် စီးတီးအသင်းကန်သွင်းသည့်ဂိုးမှာ တိုင်ထိသွားသဖြင့် လီဗာပုးအသင်းမရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်းတစ်ပိုင်းလုံးလီဗာပူး အသင်းခြေမသာ ဘဲ ဒုတိယပိုင်းမှ တိုက်စစ်ဆင် ကစားခွင့်ရရှိခဲ့သော်လည်း တစ်ဖက် အသင်းကပိတ်ကစားသွားသဖြင့် နောက်ကျခဲ့ရခြင်းဖြစ်သည်။ ယခုပွဲသို့ အာဂျင်တီးနား နည်းပြသစ်ဖြစ်သူ မာရာဒိုနာလာရောက်ကြည့်ရှုပြီး အာဂျင်တီးနားကစားသမားများ၏ ခြေစွမ်းများကိုလိုက်လံအကဲခတ်ပြီး နိုင်ငံ အတွက်လက်ရွေးစင်ရွေးချယ်ရန် ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

စနေနေ့ည အနိုင်အရှုံးအဖြေများ
အက်စတွန်ဗီလာ ၂-၁ ဝက်စ်ဘရောင်း
အာဆင်နယ် ၁-ဝ ဘော်လ်တန်
အဲဗာတန် ၂-ဝ ဟော်စ်စီးတီး
မစ်ဒယ်ဘရော့စ် ၁-၁ ဆန်းဒါးလန်း
နယူးကာဆယ် ၂-၂ ဝက်စ်ဟမ်း
စတုတ်စ်စီးတီး ဝ-ဝ လီဗာပူး
ပိုစ့်မောက်စ်-နယူးကာဆယ်(ပွဲမကန်ဖြစ်)
ဖူဟမ်-ဘလက်စ်ဘန်း(ပွဲမကန်ဖြစ်)






Summary

Rest of your post

No comments: