Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, January 12, 2009

ချယ်လ်ဆီးအသင်းအားမန်ယူအသင်းဂိုးပြတ်ဖြင့်နိုင်

ပေါ်တူဂီနည်းပြကွီစ်ရော့်နှင့်အင်္ဂလန်နည်းပြကာပယ်ဟိုမန်ယူ-ချယ်လ်ဆီးပွဲလာရောက်ကြည့်ပုံ

ချန်ပီယံလိဂ်တွင် မန်ယူနှင့်တွေ့ရမည်ဖြစ်သဖြင့်လာရောက်ကြည့်ရူ့သူအင်တာနည်းပြမော်ရင်ဟို

ဗီဒစ်ပထမဆုံးဂိုးသွင်းပြီးအောင်ပွဲခံနေပုံ

ပရီးမီးယားလိဂ်၏ထိပ်တန်းနှစ်သင်းတွေ့ဆုံမှု ပြိုင်ဆိုင်မှုပြင်းထန်သည့် အသင်းနှစ်သင်း၏တွေ့ဆုံမှုတွင် မန်ယူအသင်းက အိမ်ကွင်းတွင် ၃-ဝ ဖြင့်ချယ်လ်ဆီးအားအနိုင်ယူနိုင်ခဲ့သည်။ ယခုပွဲတွင်မန်ယူအသင်းမှ ဂိုး ဗန်ဒါဆား နောက်တန်းတွင် ဂယ်ရီနဗီး ၊ ဗီဒစ် ၊ အီဗရာ၊ (ဖာဒီနန်)၏ နေရာတွင် လူငယ်ခြေတက်အီဗန် ၊ အလယ်တန်းတွင် ဝါရင့်ကစားသမား ဂစ် ၊ ဖလက်ချာ၊ ပတ်ဂျီဆန်၊ စီရော်နယ်ဒို၊ ရှေ့တန်းတွင် ရွန်နီ နှင့် ဘာဗ်ဘာဗ်တော့ တို့ဖြင့်ပွဲထုတ်ခဲ့သည်ကိုတွေရသည်။ ချယ်လ်ဆီး အသင်းကတော့ ဂိုးပီတာချက်စ် နောက်တန်း တယ်ရီ ၊ ကာဗယ်ဟို၊ ဘိုဇင်ဂါ အက်ရှလေကိုးလ် အလယ်တန်းတွင် ဘောလက်၊ မီခေးလ်၊ လမ်းပတ်၊ ဂျိုကိုး၊ ဒေကို အရှေ့တန်းတွင် ဒရော့ဘာ အားအထောင်ထား ကစားခဲ့ပြီး ခံစစ်ကစားခဲ့သည်ကိုတွေ့ရသည်။ မန်ယူအသင်းအတွက် ပထမ ဂိုးကိုတော့ နောက်တန်းကစားသမား ဗီဒစ်က ပထမပိုင်း ပြီးခါနီး ၄၆ မိနစ်တွင် ခေါင်းတိုက်သွင်းယူသွားခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးကိုတော့ ပွဲချိန် ၆၃ မိနစ်တွင် ရွန်နီ က အီဗရာ ဖြတ်တင်ပေးသည့် ဘောလုံး အား အက်ရှ်လေကိုးနောက်မှ နေ၍အက်ရှလေကိုးခြေထောက်နောက်မှ နေ၍ ဘောလုံးအားကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ တတိယဂိုးကိုတော့ ပြစ်ဒဏ်ဘော ကန်တင်ပေးသည့်ဘောလုံးအား တိုက်စစ်မှူးဖြစ်သူု ဘာဗ်ဘာဗ်တော့က ၈၇ မိနစ်တွင် မြေမကျဘောကန်သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီး အသင်းမှ တိုက်စစ်ဆင်ကစားရန် ဒေကိုကိုထုတ်၍ အနယ်ကာကိုလူစားလဲကစားခဲ့သော်လည်း အနယ်ကာနှင့် ဒရော့ဘာ အတွဲမမိခြင်း အလယ်တန်းကစားသမားများ ကောင်းစွာ မပံပိုးပေးနိုင်ခြင်းနှင့် လူစားလဲသင့်သည့် ဘောလက်အားမလဲခဲ့ခြင်းက ချယ်လ်ဆီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် မန်ယူနောက်တန်းအကောင်းဆုံးကစားသွားသဖြင့် ချယ်လ်ဆီး အသင်း ကန်သွင်းခွင့်ပင်မရရှိခဲ့ပေ။ ဖာဒီနန်၏နေရာကစားသည့် အီဗန်ကလည်းခြေစွမ်းပြ ကစားခဲ့သည်ကိုတွေ့ရှိရသည်။ မန်ယူအသင်းယခုတစ်ပွဲ အနိုင်ရရှိခြင်းက မန်ယူအသင်းကို ၅ မှတ်ရရှိစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လီဗာပူးအသင်းက စတုတ်စီးတီးနှင့် သရေကျခဲ့ခြင်းကြောင့်ဖြစ်သည်။ မန်ယူ အသင်းအနေဖြင့် ပွဲကျန် ၂ ပွဲ အနိုင်ရရှိခဲ့လျှင် လီဗာပူး အသင်းထက် တစ်မှတ် အသာရရှိမည်ဖြစ်သည်။ မန်ယူ၏ပွဲကျန်တစ်ပွဲဖြစ်သော မန်ယူ-ဝီဂန် ပွဲအား(၁၄-၁-၂ဝဝ၉) ဗုဒ္ခဟူးနေ့ ည ၃ နာရီတွင် ကစားရမည်ဖြစ်သည်။



Summary

Rest of your post


Summary

Rest of your post

No comments: