
အေအဲန်အဲန်
စစ်အစိုးရသည်ဘာသာရေးကိုရန်သူအဖြစ်သို့ မဟုတ်မြို့ ပြသူပုန်အဖြစ်သတ်မှတ်ကာနှိပ်ကွပ် လျှက်ရှိရာယခုအခါခရစ်ယန်ဘာသာဝင်များ၏ဘာသာရေးကိစ္စများကိုလည်းဝင်ရောက်နှောက် ယှက်လျှက်ရှိကြောင်းသိရသည်၊
လွန်ခဲ့သောနှစ်ရက်က ရန်ကုန်မြို့ ရှိခရစ်ယန်ဘုရာင်းများမှတာဝန်ရှိသူများကို မြို့ နယ်အလိုက် တာဝန်ရှိသူများကခေါ်ယူတွေ့ ဆုံခဲ့ပြီး လူနေအိမ်များရှိ(တိုက်ခန်းများငှါးးရမ်းကာဖွင့်လှစ်ထား သောဘုရားကျောင်းများကိုဆက်လက်ဖွင့်ခွင့်မပေးတော့ကြောင်း။ နောက်တပတ်မှစ၍ထိုနေ ရာများတွင်ဘုရားရှိခိုးလို့ မရတော့ကြောင်းခွင့်မပြုတော့ကြောင်းပြောဆိုခဲ့ပြီး တနင်္ဂနွေနေ့  ဘုရားရှိခိုးချင်ပါကတရားဝင်ဖွင့်လှစ်ခွင့်ပြုထားသောဘုရားကျောင်းများတွင်သာ သွားရောက်ရှိ ခိုးရမည်ဟုပြောကြားခဲ့သည်၊ ထို့ နောက်သက်ဆိုင်ရာဘုရားရှိခိုးကျောင်းများမှ တာဝန်ရှိသူများ သည်ယင်းအမိန့် ကိုသိရှိကြောင်း မလိုက်နာပါကဥပဒေအရအရေးယူခံရမည်ကိုသိရှိပါကြောင်း လက်မှတ်ရေးထိုးခဲ့ရသည်ဟုသိရှိရသည်၊
ရန်ကုန်မြို့ တွင်မိမိတို့ နေအိမ်များ ရပ်ကွက်အတွင်းတွင်စုပေါင်း၍ ဘုရားရှိခိုးလေ့ရှိကြသည်၊ ယခုကဲ့သို့ စစ်အစိုးရ၏ပိတ်ပင်ခြင်းမှာ ဘာသာရေးလွတ်လပ်ခွင့်ကိုပိတ်ပင်ဖြင်းသာမက ဘာသာရေးလွတ်လပ်ခြင်းကို ရည်ရွှယ်ချက်ရှိရှိချိုးဖောက်ခြင်းဖြစ်သည်ဟု ခရစ်ယန်ဘာသာ ရေးအသိုင်းအ၀ိုင်းတွင်ပြောဆိုနေကြသည်၊
No comments:
Post a Comment