Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Friday, January 2, 2009

စွဲချက်တင်ခံထားရသော ဂျရတ် အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်း




လီဗာပူးအသင်းသည် နယူးကာဆယ်အသင်း၏ အိမ်ကွင်းတွင် ၅-၁ ဖြင့် အနိုင်ရရှိပြီး ချဲလ်ဆီးနှင့် ၃ မှတ် ကွာဟပြီး ထိပ်ဆုံးတွင် ရပ်တည်နေနိုင်သည့် အတွက် အောင်ပွဲခံခဲ့သည့်ပါတီ တစ်ခု၏ရန်ပွဲတွင် ပါဝင်ပတ်သက်ခဲ့မှုဖြင့် စွဲချက်တင်ခံထားရသော လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်သည် အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြောင်း သိရှိရသည်။ ဂျရတ်သည် Southport အရပ်ရှိ စားသောက်ဆိုင်တွင်ဖြစ်ပွားခဲ့သော ရန်ပွဲတွင် ပတ်သက်မှုဖြင့် ၂၉-၁၂-၂ဝဝ၈ နံနက်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းခံခဲ့ရပြီး အခြားသံသယဖြစ်ဖွယ်ရာသူ နှစ်ဦးနှင့်အတူစွဲချက်တင်ခံထားရသည်။ သို့ရာတွင် သူ့အား ဗုဒ္ဓဟူးနေ့ နံနက် ၁ဝး၁၅ နာရီတွင်အနောက် ဒါဘီအရပ်ရှိ လီဗာပူးလ်အသင်း၏ လေ့ကျင့်ရေးကွင်း မဲလ်ဝုဒ်သို့ သူ၏ကိုယ်ပိုင်ကားဖြင့်ရောက်ရှိလာခဲ့ဖြင့် သူ့အပေါ် စိုးရိမ် ပူပန်နေကြသော လီဗာပူးလ် ပရိသတ်အချို့ကဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြသည်။ ယခုနှစ်အတွက် လီဗာပူး၏ထူးခြားချက်ကတော့ အိမ်ကွင်းရှုံးပွဲမရှိ စံချိန် တင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

No comments: