
”ညနက်အလွန်”
အိပ်မက်တွေ ရင့်မှည့်နေတာတောင်
ရိတ်သိမ်းခွင့်မရသေးဘူး
ညကနက်လွန်းတယ် ......၊
အမှောင်ထဲမှာ
အမှောင်ကို ထွန်းညှိကြ
ခေတ်တခေတ်ရဲ့ သားကောင်းတွေ
ခေတ်တခေတ်ရဲ့ သားကောင်ဖြစ်သွားရ
တချို့ က
ဝံပုလွေရဲ့ ရိုးသားခြင်းကို
ပန်းကုံးစွပ်ပေးနေကြ
ညကနက်လွန်းတယ် .......၊
ယုံကြည်မှုလက်ကျန်ကို ရှိုက်ဖွာ
ဆောင်းနှင်းဂီတနဲ့ 
နှစ်သစ်ရဲ့ အလှကိုမျှော်
အမှောင်တွေ အရည်ပျော်သွားရင်
အလင်းတွေ့ မှာ သေချာတယ်။ ။ ။
ညီညီထွေး (နယ်သာလန်)
No comments:
Post a Comment