Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Showing posts with label်. Show all posts
Showing posts with label်. Show all posts

Monday, April 6, 2009

မန်ယူအသင်းခက်ခက်ခဲခဲအနိုင်ရရှိပြီးထိပ်ဆုံးတွင်ရပ်တည်

မန်ယူအသင်းအတွက်အဖိုးတန်သုံးမှတ်ရယူပေးနိုင်သူမာရှီဒါ
စနေနေ့တွင်ချဲယ်လ်ဆီးနှင့်လီဗာပူးအသင်းက ပြိုင်ဖက်အသင်းများအား အနိုင်ရရှိထားသဖြင့် မန်ယူအသင်း အနေဖြင့် ယခု အက်စတွန်ဗီလာနှင့် ပွဲစဉ်အား နိုင်ကိုနိုင်မှ ဖြစ်မည်ဖြစ်သော်လည်း မန်ယူအသင်းတွင် နောက်တန်းကစားသမားများပွဲပယ် ပြစ်ဒဏ်နှင့် နိုင်ငံတကာပွဲများ ကစားပြီးပြန်လာရာတွင် ဒဏ်ရာ ရရှိလာကြသဖြင့် မန်ယူအသင်းတွင် နောက်တန်းကစားအဖြစ် ဂယ်ရီနဗီး အိုရှေး အီဗန် အီဗရာ တို့ဖြင့် သာပွဲထွက်လာနိုင်သလို ရှေ့တန်းတွင်လည်း တိဗက်စ်တစ်ယောက်သာ ကစားနိုင်သဖြင့် အက်စတွန် ဗီလာအသင်းနည်းပြ မာတင်အိုးနေးက ယခုပွဲအား အနိုင်ရရှိရမည်ဟု ခံယူချက်အပြည့်ဖြင့် ကစားခဲ့ရာ အက်စတွန်ဗီလာအသင်း တိုက်စစ်ဆင်မှုများအားကန်သွင်းသည့် ဘောလုံးများအား မန်ယူအသင်း အသဲအသန်ဖျတ်ထုတ်နေခဲ့ရပြီး အက်စတွန်ဗီလာ တိုက်စစ်မှူး ဂျွန်ကာရူး ကန်သွင်းသည့် ဘောလုံးအား ဖလက်ချာမှ ဂိုးတိုင်နှင့်ပေါင် ညှပ်ထုတ်ပြီး ဖျတ်ထုတ်နိုင်ခဲ့သဖြင့်သာ မန်ယူအသင်း ဂိုးစတင် မပေးခဲ့ရခြင်းဖြစ်သည်။ မိနစ် ၁၄ အချိန်အထိ မန်ယူအသင်းကစားကွက်မတည်နိုင်ခဲ့ဘဲ အက်စတွန်ဗီလာ အသင်း တိုက်စစ်ဆင်လာမှုကိုသာ အသဲအသန်ဖျတ်ထုတ် ကာကွယ်နေခဲ့ရသည် ပွဲချိန် ၁၅မိနစ်မှာတော့ အက်စတွန်ဗီလာအသင်းမှ မီလာမှ ဂိုးသမားအား ပြန်ပေးသည်ကို ဂိုးသမားလက်ဖြင့် ဖမ်းလိုက်သဖြင့် ပြစ်ဒဏ်ဘောပေးရသဖြင့် မန်ယူအသင်းမှဂစ် အသာလိမ့်ပေးသည့် ဘောလုံးစီရော်နယ်ဒိုမှ အပြင်း ကန်သွင်းနိုင်ခဲ့သဖြင့် ပထမဆုံးဂိုးကိုရရှိခဲ့သည်။ ဗီလာအသင်းအတွက်ချေပဂိုးကိုတော့ ဂျွန်ကာရူးကပွဲချိန်၃၀ မိနစ်တွင်ညာတောင်ပံမှ မတင်ပေးလိုက်သည့် ဘောလုံးအား ဂယ်ရီနဗီးကပ်ထားသည့် ကြားမှ အသာအယာ ခေါင်းခုန်တိုက်ကာသွင်းယူသွားခဲ့သဖြင့် ပထမပိုင်းကို ၁-၁ သရေဖြင့်သာပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းတွင် အက်စတွန်ဗီလာအသင်းမှ ဦးဆောင်ဂိုးကိုအက်စတွန်ဗီလာတိုက်စစ်မှူးဖြစ်သူ အဘွန်လဟောက ပွဲချိန် ၅၈မိနစ်တွင်သွင်းယူသွားခဲ့သဖြင့် ဒုတိယပိုင်းတွင် ဦးဆောင်ဂိုးကိုအက်စတွန်ဗီလာမှ ရရှိခဲ့သည် မန်ယူအသင်းအတွက် ခြေပဂိုးကိုတော့ စီရော်နယ်ဒိုမှဘဲပွဲချိန် 80 တွင် သွင်းယူနိုင်ခဲ့သဖြင့် 2-2 ဖြင့် ပွဲကိုဆက်လက်ကစားခဲ့ရာ နာနီနှင့်လူစားလဲခဲ့သူ အသက် 17 နှစ်သာရှိသေးသည့် မာရှီဒါက မန်ယူအသင်းအတွက် အဖိုးတန်သုံးမှတ်ဖြစ်စေမည့် ဂိုးအားပွဲချိန် 90 မိနစ်တွင်သွင်းယူနိုင်ခဲ့သဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် တစ်မှတ်အသာဖြင့် ဆက်လက်ဦးဆောင်ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်။

Read More...