Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, March 18, 2009

နအဖ နိုင်ငံခြားရေးဝန်ကြီး “ရိုဟင်ဂျာမဟတ်ုဘူး ဘင်္ဂါလီ”ဟုပြော

ပုဏ္ဏက ၁၂ မတ္လ ၂ဝဝ၉

ဘင်္ဂလားပင်လယ်ကိုဖြတ်၍ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သို့ အလုပ်အကိုင်ရှာဖွေရန် လှေစီး၍လာခဲ့ကြသော ဘင်္ဂါလီများ အရေးနှင့်ပတ်သက်၍ ၁၄ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးညဏ် ဝင်းက ယခုထိုင်းအစိုးရ ဖမ်းဆီးထိမ်းသိမ်းထားသူများမှာ သူတို့နှင့် ပြည်ပအသံလွှင့်ဌာနများက ပြောသကဲ့သို့ ရိုဟင်ဂျာလူမျိုးမဟုတ်ဘဲ ဘင်္ဂါလီများသာဖြစ်ကြောင်း ပြောဆိုသွားသည်ဟု သတင်းရရှိသည်။



မြန်မာသတင်းဝက်ဘ်ဆိုဒ်တခုဖြစ်သော ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဝေမိုးက အာဆီယံထိပ်သီးအစည်းအဝေးမှ တိုက်ရိုက်သတင်းပို့ရာတွင် ရိုဟင်ဂျာဆိုသည်မှာ ဘင်္ဂါလီလူမျိုးသာဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း ပြောသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဳေ်ငအ ၥမသာပေ ကသတင်းထောက်များကို ပြောဆိုသည်ဟု ဖော်ပြထားသည်။ ဤအရေးနှင့်ပတ်သက်၍ အွန်လိုင်းပေါ်တွင်လည်းကောင်း သတင်းမီဒီယာလောက နိုင်ငံရေးလောကတွင်ပါ ဆူဆူညံညံကျယ်ကျယ်လောင်လောင် အချိန်ယူ ဖြစ်ပေါ် ခဲ့သည်။ မြန်မာနိုင်ငံမှ ထင်ရှားသော အဓိကအတိုက်အခံခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်က ရိုဟင်ဂျာဆိုတဲ့လူမျိုးဟာ မြန် မာတိုင်းရင်းသား စာရင်းထဲမှာမပါသလို ရခိုင်မျိုးနွယ်စုထဲမှာလည်း မပါပါဘူးဟုပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

မြေမျိုသော်လည်း လူမျိုးမပျောက်။ လူမျိုမှ လူမျိုးပျောက်သည်ဟူသော စကားပုံသည် ရခိုင်တို့အတွက်အလွန်တရာ အဓိပ္ပါယ်ရှိသောစကားပုံဖြစ်ကြောင်းကို ရခိုင်သားများသာ ခံစားနားလည်နိုင်ကြောင်း ဘူးသီးတောင်နယ်မှ ကိုသာထွန်းလှက ဆိုသည်။ ကျနော်တို့ ဘူးသီးတောင် မောင်တောနယ်မှာ ကုလားရာနှုံးက အဆမတန်မြင့်နေပြီ။ ရခိုင်ပြည်ဆိုပေမဲ့ အဲဒီမှာ ကုလားစကားမတတ် ရင် ဈေးဝယ်လို့တောင်မရဘူး။ သူတို့က ကျနော်တို့မြို့ကိုမျိုထားပြီလေမချိတင်ကဲဆိုသည်၊

ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ ရခိုင်ဆရာတဦးကလည်း ဒီလိုဖြစ်ရတာတွေက အာဏာပိုင်တွေ အဆက်ဆက် မမှန်မကန် လုပ်ခဲ့တာတွေ့ရဲ့ အကျိုးဆက်ပေါ့ဗျာ။ ဇဆပလခေတ်က တမျိုး မဆလခေတ်ကတဖုံ အခုကျတော့ ရောဂါက မသေးတောဘူး၊ အခုဘဲ ကြည့်လေ သူတို့ရဲ့ဝက်ဘ်ဆိုဒ်တွေမှာ ရခိုင်ပြည်မှာ သူတို့က ဒုတိယ လူဦးရေအများဆုံးတိုင်းရင်းသားဆိုတာမျိုးတွေ လုပ်ချလာတာ။ အဲသလိုပြောကြကြေးဆိုရင် ဒီနေ့ ဗမာပြည်သားတွေလည်း သူတပါးတိုင်းပြည်မှာ သန်းချီသွားပြီးအလုပ်လုပ်နေကြတာဘဲ။ တခါမှ အဲဒီ တိုင်းပြည်ရဲ့လူမျိုးပါလို့ပြောပြီး လူမျိုးအခွင့်အရေး နယ်ပယ်အခွင့်အရေးတောင်းတာ မကြားမိပါဘူး။ ကျနော်အခုပြောတာ လူ့အခွင့်အ ရေး ရှုထောင့်ကကြည့်တဲ့သူတွေအတွကတော့ မပြောတတ်ဘူး။ ကျနော်တို့ပြောချင်တာကတော့ ကျနော်တို့မိဘဘိုးဘွားပိုင်ဆိုင်ခဲ့တဲ့မြေ ကျ နော်တိုမိဘဘိုးဘွားတွေ ရေးခဲ့တဲ့သမိုင်းအတွက်တော့ ကျနော်တို့အမှန်အတိုင်းပြောရဲသတ္တိ ရှိဖို့လိုလိမ့်မယ်ဟုရခိုင်သတင်းစာသို့ ပြောသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်အကိုင်ရှာရန် လာခဲ့သောမြန်မာ(၅၄)ဦး အအေးခန်းတွင်ပိတ်မိ၍ သေဆုံးစဉ်ကနှင့် များမကြာမီက ချင်းမိုင်တွင်ပေါ်ပေါက်ခဲ့သော လူမှုရေးပြဿနာကိုအကြောင်းပြု၍ တဖက်သတ်ဖမ်းနှိပ်ကွပ်ခံခဲ့ရသော မြန်မာပြည်ဖွား ရှမ်းတိုင်းရင်းသားတို့ကလည်း အလုပ်သမားပြဿနာအဖြစ်သာ ရှုမြင်ခဲ့ကြသည်။ ဘင်္ဂါလီများကဲ့သို့ ထစ်ကနဲရှိ ရိုဟင်ဂျာ ရိုဟင်ဂျာနဲ့ တကမBာလုံးကို အော်တာ သူတို့မှာ ရည်ရွယ်ချက်ရှိရှိ အထောက်အပံ့ကောင်းကောင်းနှင့် လုပ်နေတာဖြစ်မှာဘဲဟု ရခိုင်နိုင်ငံရေးအသိုင်း အဝိုင်းကသုံးသပ်ကြသည်။


No comments: