Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, March 9, 2009

ဖေဖော်ဝါရီလအတွက်အကောင်းဆုံးဆုများကို အဲဗာတန် တစ်သင်းတည်းဆွတ်ခူးရရှိ


အကောင်းဆုံးနည်းပြဆုရရှိသူအဲဗာတန်နည်းပြဒေးဗစ်မိုယက်

ဖော်ဝါရီလအတွက်အကောင်းဆုံးဆုရရှိသူနောက်တန်းကစားသမားဂျာဂီယယ်က


အဲဗာတန် အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ် မိုယက်သည် ဖေဖော်ဝါရီလ အတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပြီး နောက်ခံလူ ဂျာဂီယယ်ကာက အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ သည်။ နည်းပြ မိုယက်သည် အသင်းတွင် ဒဏ်ရာရရှိသူများပြား နေသော်လည်း အိမ်ကွင်း ဂူဒီဆင်ပါ့ခ်တွင် အကောင်းဆုံး နိုင်ပွဲများရရှိအောင်ကစားနိုင်စေခဲ့သည်။ ၎င်းတို့သည် ဘော်လ်တန်နှင့်ဝက်ဘရွန်းတို့ကို အနိုင် ကစားပြီး နယူးကာဆယ်ကိုသရေကျခဲ့သည်။ အဲဗာတန်နည်းပြဖြစ်သူမိုရက်က “ကျွန်တော် ခုလို အသိအမှတ် ပြုခံရတာ ကျေနပ်ပါတယ်။ ဒါပေမယ့်ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်း အတွက် မဟုတ်ပါဘူး။ အားလုံး အတူတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ ကလပ်တစ်သင်းလုံး အတွက် ရည်ရွယ်ပါတယ်။ ကျွန်တော် တကယ်လိုချင်တာက တစ်သင်းလုံး ဂုဏ်ယူရစေမယ့် ဆုဖလားတစ်ခုခုကိုလိုချင်တာပါ။ ဒါပေမယ့် ဒီဆုကို မန်ယူနည်းပြ ဖာဂူဆန်ကို ကျော်ပြီး ရရှိခဲ့တဲ့အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်” ဟုမိုယက်က ပြောကြားခဲ့သည်။ ဂျာဂီယယ်ကာ သည်လည်း အဲဗာတန် အသင်း၏ နောက်တန်းတွင် အုတ်တံတိုင်းသဖွယ်အကောင်းဆုံး စွမ်းဆောင်ခဲ့သူုဖြစ်ပြီး သူ၏ ခြေစွမ်းပြမှုကြောင့် အင်္ဂလန်အသင်းကပင် သူ့အားပြန်လည်ခေါ်ယူခဲ့ရသည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: