Thursday, March 12, 2009
မန်ယူအသင်းအိမ်ကွင်းတွင်အင်တာအားဂိုးပြတ်ဖြင့်နိုင်
မန်ယူအသင်းသည်အိမ်ကွင်းတွင် အင်တာအားဒုတိယအကျော့အားအိမ်ရှင်အဖြစ်လက်ခံကစားခဲ့ရာ 2-0 ဖြင့် အနိုင်ရရှိခဲ့သဖြင့် ကွာတားအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ မန်ယူအသင်းအတွက် ပထမဂိုးကိုတော့ ပွဲအစ 4 မိနစ်မှာဘဲ မန်ယူနောက်ခံလူ ဗီဒစ်က ထောင့်ကန်ဘောမှ ဂစ်တင်ပေးလိုက်သည့် ဘောလုံးအား ခေါင်းတိုက်ပြီး သွင်းယူနိုင်ခဲ့သဖြင့် ပထမ ပိုင်းအား 1 ဂိုးအသာဖြင့် ပွဲကိုဦးဆောင်နိုင်ခဲ့သည်။ ဒုတိယ ပိုင်း ပွဲအစ 4 မိနစ်(ပွဲချိန် 49 )တွင် ရွန်နီမတင်ပေးသည့်ဘောလုံးအားစီရော်နယ်ဒိုကခေါင်းတိုက်ပြီးသွင်းယူခဲ့သဖြင့် 2-0 ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အင်တာ အသင်း ကန်သွင်းသည့် ဘောလုံးများမှာတိုင်ထိထွက်ခြင်းနှင့် မန်ယူဂိုးသမား ဗန်ဒါဆား ကာကွယ်နိုင်ခဲ့ခြင်းက အင်တာအသင်းကံမကောင်းခဲ့ခြင်းပင်ဖြစ်သည်၊
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment