ပရီးမီးယားလိဂ် ပွဲစဉ် 29 အဖြစ် မန်ယူအသင်းအား အိမ်ကွင်းတွင်ဖူဟမ်အသင်းက ဧည့်ခံကစားခဲ့ရာတွင် 2-0 ဖြင့် အနိုင်ရရှိခဲ့ သည်။ ယခုပွဲတွင် ပွဲချိန် 18 မိနစ်တွင် ဖူဟမ်အသင်း ထောင့်ကန်ဘောကန်သွင်းခွင့် ရရှိသဖြင့် ကန်တင်ရာ ဖူဟမ်တိုက်စစ်မှူး ဖြစ်သူ ဇာမိုရာက ခေါင်းတိုက်ရာတွင် မန်ယူဂိုးသမား ဗန်ဒါဆား ပုတ်ထုတ်ရာ ဇာမိုရာကထပ်မံခေါင်းတိုက်ရာတွင် ဂိုးထဲတွင် ရပ်နေသူ ပေါ့လ်စကိုးက လက်ဖြင့် ပုတ်ထုတ်သဖြင့် တိုက်ရိုက်အနီဖြင့် အထုတ်ခံရပြီး ပင်နယ်တီ ပေးရသဖြင့် ဖူဟမ် အသင်းဖက်မှ အသင်းခေါင်းဆောင် မာဖီက ကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကို တစ်ယောက်အသာ တစ်ဂိုးအသာဖြင့် ဦးဆောင်ကစားခဲ့သည်။ ဒုတိယပိုင်းတွင် မန်ယူအသင်းမှ ဘာဘာဗ်တော့အားထုတ်ကာ ရွန်နီနှင့်လဲလှယ်ခြင်း နောက်တန်းမှ အိုရှေးရားအား ထုတ်ကာ တိဗက်စ်အားထည့်သွင်းပြီး အတင်းတိုက်စစ်ဆင်ကစားလာခဲ့ရာ ပွဲချိန် 87 မိနစ်တွင် ဖူဟမ်အသင်းမှ ဂီရာက ညာတောင်ပံမှ တင်ပေးသည့် ဘောလုံးအား ခြင်းလုံးရိုက်သကဲ့သို နောက်ပြန်ရိုက်ကန်သွင်းရာ ဗန်ဒါဆားနှင့် ဖာဒီနန်တို့ကြားမှ ဘောလုံးမှာ ဂိုးထဲသို့ ၀င်ရောက်သွားသဖြင့် ဖူဟမ်အသင်းအတွက် အနိုင်သေချာစေမည့်ဂိုးကို သွင်းယူသွားခဲ့သည်။ ပွဲချိန် 89 မိနစ်တွင် မန်ယူအသင်းဖရီးကစ် ကန်သွင်းခွင့် ရရှိရာ ရွန်နီက ဘောလုံးအားပစ်ပေါက်ပြီး ပစ်ပေးလိုက်သဖြင့် ပထမတစ်ဝါထိထားသူ ရွန်နီအား 2 ၀ါ တစ်နီဖြင့် ထပ်မံအထုတ်ခံခဲ့ရသဖြင့် မန်ယူအသင်းမှ 9 ယောက် 11 ဖြင့် ကစားခဲ့ရသည်ကို တွေ့ရှိရသည်။ ယခုပွဲတွင် အနီ 2 ကဒ်နှင့်အ၀ါ 6 ကဒ်အထိအပေးခံရသဖြင့် ပွဲမှာ ပွဲကြမ်းတစ်ပွဲ ဖြစ်ခဲ့ရသည်။ မန်ယူအသင်းကန်သွင်းသည့် ဂိုးများကိုတော့ ဖူဟမ်ဂိုးသမားရှဝါဇာက လက်စွမ်းပြကာကွယ်သွားသည်ကိုတွေ့ရှိရသည်။

No comments:
Post a Comment