Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Sunday, March 15, 2009

မန်ယူအိမ်ကွင်းတွင်လီဗာပူးအားဂိုးပြတ်ရှုံးနိမ့်

လီဗာပူးအတွက်နောက်ဆုံးဂိုးသွင်းယူသူဒိုဆန်နာနှင့်ဘာဘယ်
ဖရီးကစ်မှတတိယဂိုးသွင်းယူသူအော်ရယ်လီယို
ဂျရတ်ပင်နယ်တီကန်သွင်းနေပုံ
တောရက်စ်ချေပဂိုးသွင်းယူနေပုံ
တစ်လုံးတည်းသောဂိုးအားပင်နယ်တီမှသွင်းယူခဲ့သူစီရော်နယ်ဒို
ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ (လီဗာပူး) အဖြစ် မန်ယူအသင်းက လီဗာပူးအသင်းအား အိမ်ရှင်အဖြစ်လက်ခံကစားခဲ့ရာ အိမ်ရှင်အသင်း 1-4 ဖြင့်ရှုံးနိမ့်ခဲ့သည်ကိုတွေ့ရှိရသည်။ ယခုပွဲ အိမ်ရှင်မန်ယူအသင်းက ဦးဆောင်ဂိုးအား ပတ်ဂျီဆန်ကြောင့်ရရှိသည့် ပင်နယ်တီအား စီရော်နယ်ဒိုက ပွဲချိန် 23 မိနစ်တွင်ကန်သွင်းပြီး ဦးဆောင်ခဲ့သော်လည်း ဗီဒစ်ပေါ့ဆသောကြောင့် လီဗာပူးတိုက်စစ်မှူးတောရက်စ်က ပွဲချိန် 28 မိနစ်တွင် ဂိုးသမားနှင့်တစ်ယောက်ချင်းတွေ့ကာ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီးချေပဂိုးသွင်းယူသွားသဖြင့် 1-1 ဖြင့်ဆက်လက်ကစားခဲ့ရာ ပွဲချိန် 44 မိနစ်မှာတော့ ပင်နယ်တီဧရိယာစည်းအတွင်း ဂျရတ်ဆွဲလာသည့် ဘောလုံးအားအီဗရာဖျတ်ထုတ် ရာတွင် ဘောလုံးမထိဘဲ လူကိုသွားထိမိသဖြင့် ပင်နယ်တီရရှိရာ ဂျရတ်ကကန်သွင်းပြီးပထမပိုင်းကို 1-2 ဖြင့်ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း 77 မိနစ်တွင် ဗီဒစ်ကလူကိုဆွဲလှဲသဖြင့် တိုက်ရိုက်အနီဖြင့် အထုတ်ခံရပြီး ပင်နယ်တီဧရိယာစည်းအနီး ဖရီးကစ်ကန်ခွင့်ပေးရသဖြင့် လီဗာပူးမှ အော်ရယ်လီယိုကန်သွင်းရာတွင် ဗန်ဒါဆားမကာကွယ်နိုင်သဖြင့် 1-3 ဖြင့် ပွဲကိုဦးဆောင်ခဲ့ရာ ပွဲပြီးခါနီး မိနစ် 90 တွင် လီဗာပူး နောက်တန်းသမား ဒိုဆန်နာက အိုရှီးရားကပ်ထားသည့်ကြားမှ ဘောလုံးအား ဂိုးသမားဗန်ဒါဆားအားကျော်မကာ သွင်းယူသွားခဲ့ သဖြင့် လီဗာပူးအသင်းက 1-4 ဖြင့် အနိုင်ရရှိခဲ့သဖြင့် မန်ယူအသင်းက တစ်ပွဲလျော့ 4 မှတ်အကွာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။ ယခုပွဲရှုံးနိမ့်ရခြင်းမှာ နောက်ခံလူဗီဒစ်အမှားများနှင့် ဂိုးသမားဗန်ဒါဆား ဖရီးကစ်ကို မကာကွယ်နိုင်ခြင်းနှင့် နောက်ဆုံးအလုံးမှာလည်း မထွက်သင့်သည်ကို ထွက်လာခြင်းတို့ကြောင့် တစ်ဖက်နောက်တန်းသမားကဂိုးသမားကိုကျော်မကာ ဂိုးသွင်းသွားခဲ့ခြင်းပင်ဖြစ်သည်။ ဖာဂူဆန်လီဗာပူးအားလျော့တွက်ပြီး လူထုတ်ပုံမှားယွင်းသောကြောင့်လည်းဖြစ်သည်။

ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: