Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Sunday, March 8, 2009

ကိုဗန်ထရီအိမ်ကွင်း၌ချဲယ်လ်ဆီးအားဂိုးပြတ်ရှုံးနိမ့်


ချဲယ်လ်ဆီးအတွက်ဒုတိယဂိုးအားနောက်တန်းကစားသမားအဲလက်စ်သွင်းယူနေပုံ


ချဲယ်လ်ဆီးအတွက်ပထမဂိုးသွင်းယူနေသူဒရောဘာ

အက်ဖ်အေဖလားကွာတားပွဲစဉ်အဖြစ် ကိုဗန်ထရီအသင်းက ချဲယ်လ်ဆီးအသင်းအား အိမ်ရှင်အဖြစ်လက်ခံကစားခဲ့ရာ ၂-ဝ ဖြင့် ရှုံးနိမ့်သွား ခဲ့သည်။ ယခုပွဲတွင် ချဲယ်လ်ဆီးအတွက် ပထမဆုံးဂိုးကိုတော့ ချဲယ်လ်ဆီးတိုက်စစ်မှူးဖြစ်သူ ဒရော့ဘာက ပွဲချိန် ၁၅ မိနစ်တွင် ကိုဗန်ထရီ အသင်းခေါင်းဆောင်နောက်တန်းခံစစ်မှူး ခြေထောက်ထဲမှ လုယူကာ ကန်သွင်းနိုင်ခဲ့သဖြင့် ပထမ ဂိုးကိုသွင်းယူပြီး ပထမပိုင်းကို ဦးဆောင် နိုင်ခဲ့သည်။ ဒုတိယဂိုးကိုတော့ ဒုတိယပိုင်း ၇၃ မိနစ်တွင် ကိုဗန်ထရီ တစ်သင်းလုံး ချဲယ်လ်ဆီးဖက်သို့ တိုက်စစ်ဆင်ကစားနေစဉ် ချဲယ်လ်ဆီး အသင်းမှ ကန်တင်လိုက်သည့် ဘောလုံးအား ညာတောင်ပံမှ(အင်တာမှဝယ်ထားသည့်ကွာရက်မာ)ကဂိုးရှေ့သို့ ဖြတ်တင်ပေးလိုက်ရာ ချဲယ်လ်ဆီးနောက်တန်းကစားသမား အဲလက်စ်က အသာအယာ သွင်းယူနိုင်ခဲ့သဖြင့် ၂-ဝ ဖြင့် အနိုင်ရရှိကာ ကွာတားအဆင့်ကိုဖြတ်ကျော် နိုင်ခဲ့သည်။

No comments: