ဒါဘီကောင်တီတိုက်စစ်မှူးနံပတ်7ကွန်မွန်းစ်အနိုင်ဂိုးသွင်းယူနေပုံကားလင်းဖလားဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒါဘီအသင်း၏အိမ်ကွင်းတွင် ဧည်သည် မန်ယူအသင်းအား ဒါဘီအသင်းက တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ယခုပွဲတွင် ဖာဂူဆန်၏ ဒါဘီအသင်းအပေါ်လျော့တွက်မှုက မန်ယူအသင်းပေးဆပ်ခဲ့ရခြင်းဖြစ်သည်။
ယခုပွဲအတွက် ဖာဂူဆန် လူထုတ်ပုံကတော့ ရှေ့တွင် အက်ဖ်အေပွဲနေ့က တစ်ဂိုးသွင်းခဲ့သည် ဝဲလ်ဘတ်နှင့်တိဗက် အလယ်တွင် ပေါ့လ်စခိုး ၊ နာနီ ၊ အန်ဒါဆန် ၊ လူသစ် ကစားသမား ဂစ်ဆင် နောက်တန်းတွင် ဗီဒစ် ၊ အီဗန် ၊ ရာဖေး ၊ အိုလ်ရှီးရား ၊ ဂိုးသမား (ကုဇတ်) တို့ဖြင့် ပွဲထုတ်လာခဲ့ရာ ဒါဘီ အသင်း၏ရှေ့တန်းကစားမားများအား ရာဖေးနှင့် အိုလ်ရှီးရား တို့နိုင်အောင်မထိမ်းနိုင်သဖြင့် ဒါဘီအလယ်တန်းကစားသမား ဖြစ်သူ ကွန်မန်းက ပွဲချိန် ၃ဝ မိနစ်တွင် ဒါဘီအသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးအား ဂိုးသမားကုဇတ်၏ ဘယ်ဖက်ထောင့်ထဲသို့ အဝေးမှ ကန်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ပထမပိုင်းတစ်ပိုင်းလုံး ဘောလုံးပိုင်ဆိုင်မှု မရရှိခြင်း အတွဲမမိခြင်းတို့ဖြင့် ပထမ ပိုင်းကို ဒါဘီ အသင်းမှ ၁-ဝ ဦးဆောင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း ၆၃ မိနစ်မှ ပေါလ့်စခိုး အား စီရော်နယ်ဒိုနှင့်လဲလှယ်ခြင်း ဝဲလ်ဘတ်အား ရွန်နီ နှင့်လဲလှယ် ခဲ့သော်လည်း ကစားကွက်အသာမရသဖြင့် ၇၄ မိနစ်တွင် အန်ဒါဆန်အား မိုက်ကယ်ကားရစ်နှင့် လဲလှယ်ကစားခဲ့သော်လည်း တစ်ဖက်အသင်းမှ ပိတ်ဆို့ ကစားသွားသဖြင့် မန်ယူအသင်း ရှုံးနိမ့်သွားခဲ့ရခြင်းဖြစ်သည်။ အခွင့်အရေးတစ်ရပ်အနေဖြင့် ဖရီးကဒ် ၂ လုံးကန်သွင်းခွင့် ရရှိခဲ့သော်လည်း စီရော်နယ်ဒိုမှာ ဂိုးဝင်အောင်မကန်သွင်းနိုင်ခဲ့သဖြင့် မန်ယူအသင်းနစ်နာခဲ့ရသည်။ ဒါဘီ အသင်း၏ ဂိုးသမား မှာ မန်ယူအသင်းမှ ပြောင်းသွားသည့် ရှိုင်ကားရိုး ဖြစ်သဖြင့် မန်ယူကစားသမားများ၏ အထာကို ကောင်းစွာသိနေသူဖြစ်သည်။ အဝေးကွင်း ရှုံးနိမ့်သွားသဖြင့် ၂ဝ-၁-၂ဝဝ၉ (အင်္ဂါနေ့) နေ့တွင် အိမ်ကွင်းအဖြစ် လက်ခံကစားရမည့် မန်ယူအသင်းအတွက်ဖိအားများခဲ့ရပြီဖြစ်သည်။ မန်ယူအသင်းမှာ ယခုလာမည့် တနင်္ဂနွေ နေ့(၇-၁-၂ဝဝ၉) ည (ထိုင်းစံတော်ချိန်) ၁၁-ဝဝ တွင် ချဲလ်ဆီးနှင့် အိမ်ကွင်းကစားရမည်ဖြစ်သဖြင့် အဓိက ကစားသမားများ အနားပေးခဲ့ခြင်းက မှားယွင်းခဲ့ခြင်းဖြစ်သည်။
ယခုလာမည့် စနေနေ့နှင့် တနင်္ဂနွေပွဲစဉ်များ၏ အချိန်များ
အက်စတွန်ဗီလာ-ဝက်စ်ဘရောင်း ၇-၄၅ မိနစ်
အာဆင်နယ်-ဘော်လ်တန် ၁ဝ နာရီ
အဲဗာတန်-ဟောစီးတီး ၁ဝ နာရီ
ဖူဟမ်-ဘလက်ဘန်း ၁ဝ နာရီ
မစ်ဒယ်ဘရော့စ်-ဆန်းဒါးလန်း ၁ဝ နာရီ
နယူးကာဆယ်-ဝက်စ်ဟမ်း ၁ဝ နာရီ
ပို့စ်မောက်စ် – မန်းစီးတီး ၁ဝ နာရီ
စတုတ်စီးတီး-လီဗာပူး ၁ဝ နာရီ
တနင်္ဂနွေ
မန်ယူ-ချဲလ်ဆီး ၁၁ နာရီ
ဝီဂန်-စပါး ၈-၃ဝ နာရီ



No comments:
Post a Comment